မန်စီးတီးနဲ့ ဆုဖလား ၃ လုံးသိမ်းပြီးနောက် PFA အကောင်းဆုံးဆုကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့ ဟာလန်း

ဩဂုတ်လ ၃၀ ရက်

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်းက ပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအတွက် ပွဲဦးထွက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာ ဟာလန်းဟာ ပြိုင်ပွဲစုံ ၅၂ ဂိုးအထိသွင်းပြီး ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာပါ။ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒီဘရိုင်း၊ဂျွန်စတုန်းစ်၊ဆာကာ၊အိုဒီဂတ်နဲ့ ဟာရီကိန်းတို့ကို အသာရပြီး ရရှိသွားခဲ့ပါတယ်။

ဟာလန်းဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပေမယ့် လူငယ်တစ်နှစ်တာအကောင်းဆုံးဆုမှာတော့ ဆာကာကို အနိုင်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။အာဆင်နယ်အသင်းကြယ်ပွင့် ဆာကာဟာ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဟာလန်း၊ကိုင်စီဒို၊မာတင်နယ်လီ၊အီဗန်ဖာဂူဆန်နဲ့ ရမ်ဆေးတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းမှာတော့ မန်စီးတီးနဲ့ အာဆင်နယ်ကစားသမားတွေကသာ ကြီးစိုးထားတာပါ။

ဂိုးသမားအဖြစ် ရမ်စဒေးလ်၊နောက်တန်းမှာ ထရစ်ပီယာ၊ ရူဘင်ဒီယက်ဇ်၊ဂျွန်စတုန်းစ်နဲ့ ဆာလီဘာ၊ ကွင်းလယ်မှာ ဒီဘရိုင်း၊ရိုဒရီနဲ့ အိုဒီဂတ်၊ ရှေ့တန်းမှာ ဆာကာ၊ ဟာလန်းနဲ့ ဟာရီကိန်းတို့ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒီရုပ်ဒီရည်နဲ့ ကျွန်တော့်ကို ကြေးစားအသည်းခွဲသမားလုပ်ခိုင်းလို့ ပြောလာသော ခင်လှိုင်
Next post ဟင်္သာတခရိုင်၊ အိပ်ပျက်ကျေးရွာအုပ်စု၌ ဒေသခံ ၁၀၀၀ ကျော် အရေးပေါ်အကူညီလိုအပ်နေ