မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက ဖြူးကွင်ကျေးရွာတွင်နေထိုင်သည့် ညောင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအာကြီး (ခ)ခင်ထွန်းထွန်းလွင်သည် မင်းလှဘက်သို့ဆိုင်ကယ်စီးလာစဉ် ချောင်းနာရွာတောင်ဘက်ထိပ်အနီးတွင် သေနတ်ဖြင့်ပစ် ခတ်ခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဦးခေါင်းကိုပစ်ခတ်ခံရတာ။ သေနတ်သမားတွေက ဆိုင်ကယ်တစီးရယ်၊ ဖုန်းနှစ်လုံး၊ ပိုက်ဆံ ၄ သိန်း၊ လွယ်အိတ် တစ်လုံးပါယူသွားတယ်။” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ အုတ်ဖို၊ ပေါက်ခေါင်း၊ မင်းလှမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးအထိ ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိသည့် လွှတ်တော်ကို ဖော်ဆောင်မည်