Miss Grand International နှင့် လက်တွဲဖြုတ်ကြောင်း  Miss Grand India တရားဝင်ကြေညာ

ထိုင်းနိုင်ငံအခြေစိုက် Miss Grand International အဖွဲ့အစည်းနှင့် လက်တွဲဆောင်ရွက်မှုများ ပြုလုပ်တော့မည် မဟုတ်ကြောင်း Miss Grand India အဖွဲ့အစည်းက အင်စတာဂရမ်လူမှုကွန်ရက်တွင် တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်သည်။

လက်ရှိအချိန်တွင် Miss Grand India ၏‌ ရှေ့ဆက်သွားမည့် ရည်မှန်းချက်အမြင်များနှင့် ကွဲပြားနေသဖြင့် Miss Grand International နှင့် ယခုကဲ့သို့လမ်းခွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၊ ယင်းသို့ဆုံးဖြတ်လိုက်သည့်အတွက်လည်း Miss Grand India အနေဖြင့် စတင်အသက်ဝင်နေပြီဖြစ်သည့် စိတ်လှုပ်ရှားဖွယ်အခြားသော အစီအစဉ်များအပေါ် အာရုံစိုက် လုပ်ကိုင်နိုင်ပြီး ၎င်းတို့ကိုမကြာမီ ချပြသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်ပါနေ့စွဲနှင့် အဆိုပါထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

Miss Grand India သည် သစ္စာရှိမှုဆိုသည့် အခြေခံအုတ်မြစ်ကို အလေးထားတန်ဖိုးထားသည့် အဖွဲ့အစည်းဖြစ်ပြီး ထိုအချက်က ယခုဆုံးဖြတ်ချက်တွင် များစွာသက်ဆိုင်နေကြောင်း ၊ Rachel Gupta  က Miss Grand International 2024 ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံအတွက် ပထမဆုံးသရဖူကို ရယူပေးခဲ့သည့်အတွက် အလွန်အမင်းဂုဏ်ယူဝမ်းမြောက်ပါကြောင်း ၊ Rachel သည် Miss Grand India ၏  Queen အဖြစ် ထာဝရရှိနေမည်ဖြစ်ပြီး ၎င်း၏စွမ်းဆောင်မှုက အိန္ဒိယနိုင်ငံအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ၊ ဂုဏ်ယူစွာဖြင့် Rachel ဘက်မှ ဆက်လက်ရပ်တည်အားပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင်ဆိုထားသည်။

ယခုထုတ်ပြန်ချက်ကို Miss Grand India အဖွဲ့အစည်း၏ ဥက္ကဌ Nikhil Anand  ၏လက်မှတ်ဖြင့် အဆုံးသတ်ထားတာ ဖြစ်ပါသည်။  

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ပုလဲအတွဲ ၂၈၀ ၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်း အတွဲ ၄၈၀၀ ရောင်းချမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနား နစက ဥက္ကဋ္ဌ တက်ရောက်