မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အကြိမ်၂၀မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အကြိမ် ၂၀ မြောက် စုပေါင်းမဟာဘုံကထိန်လှူဒါန်းမှုကို မရမ်းကုန်းမြို့နယ်၊ နာဂလှိုဏ်ဂူကလေးဝတောရစာသင်တိုက်ကျောင်းတွင် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစုပေါင်းမဟာဘုံကထိန်တွင် ရုပ်ရှင်လောကသားများ၏ စုပေါင်းလှူဒါန်းမှုပဒေသာပင်များနှင့် ငွေသားလှူဒါန်းမှုများကို ကလေးဝတောရစာသင်တိုက်ကျောင်းဆရာတော်မှ ကထိန်းတရားတော်ဟောကြားခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းအပါအဝင် အစည်းအရုံးတာဝန်ရှိသူများ ရုပ်ရှင်လောကသားများက ကထိန်သင်္ကန်းများကပ်လှူပြီး ရေစက် သွန်းချ အမျှဝေကာ ရွှေမိုး ငွေမိုးများကြဲပြီး လာရောက်ကြတဲ့ဧည့်သည်များအား ထမင်း ၊ ဟင်းများဖြင့် ကျွေးမွေးဧည့်ခံခဲ့တဲ့ ပုံရိပ်များကို တင်ဆက်လိုက်ရပါတယ်။
ထို့နောက် နာဂလှိုဏ်ဂူ ကလေးဝတောရစာသင်တိုက်ကျောင်းမှ သံဃာတော်အပါး ၆၀၀ နှင့် သီလရှင်ဆရာလေးများကို နေ့ဆွမ်းဆပ်ကပ်လောင်းလှူခဲ့ကြသည်။