မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံငယ် အလုံး ၅၀၀ ကို လွှတ်တင်ပူဇော်

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ကြောင်း သိရသည်။

ယင်းပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အ တွင်းရှိ ရေပန်း ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့်ကျင်းပရာို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင် စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ထိုသို့ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ် အလုံး ၅၀၀ ကို လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း နှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင် တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများကို ဆောင် ရွက်ကြကြောင်း သိရသည်။

ယင်းအပြင်စိန်နားပန် မီးပုံးပျံများနှင့် ညမီးကျည်(ညမီးကြီး) မီးပုံပျံများ လွှတ်တင်ပူဇော် ယှဉ်ပြိုင်ကြကာ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းလည်း သိရသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဗုဒ္ဓဥယျာဉ် တော် အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်ထိ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ် များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှည မီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင် ပူဇော် ခြင်း၊ ဒုတိယ အကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်ပြီး ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီး ပွားရေး(MSME)လုပ်ငန်းများ၏ ဒေသ ထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်း ချခြင်းအပြင် အနုပညာဦးစီးဌာနမှ ဇာတ် တော်ကြီးဖြင့် လည်းကောင်း၊ ဇာတ်မင်းသား ဖိုးချစ်အဖွဲ့က ဇာတ်သဘင် ဖျော်ဖြေမှုဖြင့်လည်း ကောင်း ဖြော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အကြိမ် ၂၀ မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်တွေကို နာဂလိုဏ်ဂူကလေးဝတောရကျောင်းသို့ ပို့ဆောင်ခဲ့