တောင်ကြီးမီးပုံပျံပွဲတော်ကွင်း ဖွင့်ပွဲ ယနေ့ကျင်းပပြုလုပ်
တောင်ကြီးမြိုတွင် ယနေ့ နိုဝင်ဘာ (၁၁) ရက် ၊ ညနေပိုင်းအချိန်၌ မီးပုံပျံပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။ သိုသော် ယနေ့ ညနေပိုင်းအချိန်တွင် မိုးရွာသွန်းနေသဖြင့် မီးပုံပျံကွင်းသို သွားသည့်လမ်းတလျှောက် ယာဉ်ကြောပိတ်ဆိုမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိတွင် ဖရဲငွေတောင်လမ်း၊ ဧရာဝတီလမ်းဆုံ၊ အရှေ့မြိုပတ် စူဠာမုဏိလမ်းအတိုင်း မီးပုံပျံကွင်းရှိရာ လမ်းတလျှောက် ယာဉ်ရာနှင့် ချီပိတ်ဆိုနေကြောင်း သိရပါတယ်။ “ခဏနေရင် ကွင်းဖွင့်ပွဲလုပ်တော့မှာပြီးရင် မီးပုံးပျံအသေးနဲ့ပြိုင်ပွဲဝင် မီးပုံးပျံတွေ လွှတ်တင်မှာပါ။ လုံခြုံရေးလည်း အထူးတင်းကြပ်ထားပါတယ်။ ကွင်းအတွင်း စိစစ်ပြီးမှ ဝင်ခွင့်ပြုနေတာပါ”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် အကြိုကာလတွင်ပင် လာရောက်လည်ပတ်သူများဖြင့် စည်ကား နေပြီး၊ ယာဉ်ကြောပိတ်ဆိုမှုများ မဖြစ်ပေါ်ရေးအတွက် တောင်ကြီးမြိုကိုဖြတ်၍ သွားလာကြမည့် (၁၂) ဘီးကုန်တင်ယာဉ်များနှင့် ခရီးသည်တင် မှန်လုံယာဉ်များကို ယာယီလ မ်းလွှစနစ် သတ်မှတ်ကာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားကြောင်း သိရပါတယ်။