နစက ဥက္ကဋ္ဌ သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်သည် မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်တက်စေရေး အတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းပြော

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့် ဒီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည်။ (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ (ဂျီအမ်အက်စ်) အစည်းအဝေး၊ (၁၀)ကြိမ်မြောက် (အက်မက်စ်) အစည်းအဝေး ဧရာဝတီ – ကျောက်ဖရား – မဲခေါင်အစည်းအဝေး၊ (၁၁)ကြိမ်မြောက် (စီအယ်လ်အမ်ဗွီ) အစည်းအဝေးတွေကို တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ နောင်နှစ်တွင် (အက်မက်စ်)ကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးများတွင် အိမ်နီးချင်းနိုင်ငံတွေဖြစ်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်တွေနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေး၊ အပြုသဘောဆောင်သည့် တိုးတက်မှုတွေကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့ကြောင်းနှင့် စီးပွားရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနှင့် ကူမင်းနှင့်ချုံချင့်မှာ တွေ့ဆုံခဲ့သည်။ အောင်မြင်မှုရခဲ့ပြီး မြန်မာနိုင်ငံကို လာရောက် စီးပွားရင်းနှီးမြှုပ်နှံလိုမှု၊ စိတ်ဝင်စားမှု ရှိသူတွေများသည်ဟု ဗိုလ်ချပ်ဇော်မင်းထွန်းက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့က တရုတ်နိုင်ငံမှာ ဆောင်ရွက်ခဲ့တာတွေကို Action Plan အနေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက်ကြွကြွ လိုက်လုပ်ဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြင့်လာမယ်လို့ မျှော်မှန်းပါတယ်” လူမှုရေးပိုင်းနှင့်ပတ်သက်ပြီး ပညာရေးကဏ္ဍတွင် တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြည်နယ်အဆင့် မှာရော၊ ဗဟိုအစိုးရအဆင့်မှာပါ ပညာတော်သင်အဖွဲ့တွေ ပိုပြီးတော့ခေါ်မှာ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံလူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးကို ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ခရီးစဉ်၏အနှစ်ချုပ်ကို ပြောရမယ်ဆိုရင် ခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့၏ ဝန်ကြီးချုပ်တို့နှင့် ဆွေးနွေးမှု ပြုနိုင်ခဲ့သည်။ ယခုခရီးစဉ်သည် မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲအောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သက်စံ အတွက် ထာဝရ ဝိန့်စိန် မှ USD 5000 voting ပါဝင်
Next post ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်