Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သက်စံ အတွက် ထာဝရ ဝိန့်စိန် မှ USD 5000 voting ပါဝင်
မက္ကဆီကို နိုင်ငံ မှာ ကျင်းပနေတဲ့ Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သက်စံ အတွက် ထာဝရ ဝိန့်စိန် မှ USD 5000 voting ပေးဖို့ ပါဝင်ပေးလာတယ်လို့ သိရပါတယ်။
သက်စံရဲ့ လူငယ်များရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကျိုးပြု Project တစ်ခုဖြစ်တဲ့ Voice for Change ရဲ့ Top (10) စာရင်းထဲကို ဝင်ရောက်နိုင်ဖို့အတွက် ထာဝရ ဝိန့်စိန် အဆင့်မြင့် စိန်ရတနာရွှေဆိုင်မှ USD 5,000 ကို Voting ပြုလုပ် ပေးခဲ့တာ ဖြစ်ပါတယ်။
သက်စံရဲ့လူမှု ရေးလှုပ်ရှားမှုလုပ်ငန်း ကို တင်ပြထားတဲ့ Voice For Change Video မှာ Top (10) စာရင်းထဲသို့ ဝင်ရောက် ပါက Silver Finalists နဲ့ Gold Winner များအဖြစ် ရွေးချယ်ခံရပါက အမှတ်တရ ဆုတံဆိပ်ရင်ထိုးနှင့်အတူ ဆုကြေးငွေ ချီးမြှင့်ခံရမှာ ဖြစ်ပြီး ရရှိလာသော ဆုကြေးငွေအားလုံးကိုလည်း သက်စံမှ လူငယ်များ ပညာရေးဖွံဖြိုးမှု လုပ်ငန်းများအတွက် ပြန်လည်လှူဒါန်းအသုံးပြုသွားမှာပဲဖြစ်ပါတယ်။