ရှာရွခ်ခန်း ဆေးလိပ်ဖြတ်ပြီလို့ ကြေညာ

အသက် ၅၉ နှစ် ပြည့်သွားတဲ့ ရှာရွခ်ခန်းဟာ ဘတ်ဒေးအထိမ်းအမှတ် ဖန်တွေနဲ့ တွေ့ဆုံနှုတ်ဆက်ပွဲမှာ ဆေးလိပ်ဖြတ်လိုက် ပြီလို့ ကြေညာခဲ့ပါတယ်။ ဘောလီးဝုဒ် စဝာားတွေထဲ ဆေးလိပ်အသောက်ဆုံး မင်းသားတစ်ဦးဖြစ်တဲ့ ရှာရွခ်က တနေ့ကို ဆေးလိပ် ၂၀ ကနေ ၃၀ ထိ သောက်သူပါ။ အရင်က သူရဲ့ အင်တာဗျူးတွေနဲ့ ဖျော်ဖြေပွဲတွေကို ဆေးလိပ်သောက်ရင်း လုပ်တတ်လို့ ဝေဖန်ခံရသလို ပဘလစ်မှာ ဆေးလိပ်သောက်လို့ ဒဏ်ငွေလည်း ဆောင်ခဲ့ရဖူးပါတယ်။

အခုအခါ အသက် ရလာပြီဖြစ်တဲ့ ရှာရွခ်က ဆေးလိပ်ဟာ ရေရှည်မှာ သူ့ကျန်းမာရေးအတွက် မကောင်းတာမို့ ဆေးလိပ် ဖြတ်လိုက်ပြီလို့ ကြေညာပြီး သူ့ဖန်တွေကိုလည်း ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MNDAA၊ TNLA နှင့် AA အဖွဲ့တို့က ငြိမ်းချမ်းရေး လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသမှသာ ဆွေးနွေးနိုင်မည်ဟု နစက ဥက္ကဋ္ဌပြော
Next post (၇-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ