တောင်ကြီးတန်ဆောင်တိုင် (၇) ရက်တိုင် ကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင်လည်း (၇)ရက်တိုင်ကျင်းပသွားမည်ဟု သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ရမှာ ကိုဗစ်ကပ် ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများအကြား သုံးနှစ်ကြာ ခေတ္တရပ်နားခဲ့ရသေးပြီး ယမန်နှစ် ၂၀၂၃ ခုနှစ်မှစ ပြန်လည် ကျင်းပခြင်း ဖြစ်သည်။

ယခု ၂၀၂၄ခုနှစ်တွင် အဆိုပါ ပွဲတော်ကို နို၀င်ဘာလ (၉)ရက်နေ့မှ (၁၅)ရက်အထိ (၇) ရက်တိုင်တိုင် အဝေရာ မီးပုံးပျံကွင်း တွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ချင်တာရယ်။

ဒေသထွက် အစားအစာတွေနဲ့ အသုံးအဆောင်တွေ ရောင်းချနိုင်ဖို့ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ်ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားပြီး ပြည်တွင်းပြည်ပ ခရီးသွားများပါ စိတ်ဝင်စားသည့် ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာဝတ်စုံလေးနဲ့ Close door interview မှာ အလှကြီးလှနေတဲ့ သဲစုညိမ်း
Next post အာရှယူ-၁၇ ခြေစစ်ပွဲကစားရန် မြန်မာယူ-၁၇ အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ