အာရှယူ-၁၇ ခြေစစ်ပွဲကစားရန် မြန်မာယူ-၁၇ အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

အောက်တိုဘာလ ၂၁ ရက်

အုပ်ချုပ်သူ ဦးစိုးမြတ်မင်း၊ နည်းပြချုပ် ဦးအောင်ဇော်မျိုး၊ လက်ထောက်နည်းပြများအဖြစ် ဦးမြတ်မင်းသူ၊ ဦးထွန်းနောင်ဦး၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်းတို့က တာဝန်ယူ ဆောင်ရွက်ကြမည့် မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်းသည် ၂၀၂၅ အာရှယူ-၁၇ ခြေစစ်ပွဲ ကစားရန်အတွက် ယမန်နေ့ (အောက်တိုဘာ ၂၀) ညနေပိုင်းတွင် ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း MFF မှ သိရပါတယ်။

မြန်မာယူ-၁၇ အသင်းသည် အာရှယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I) တွင် ဗီယက်နမ်၊ ယီမင်၊ ကာဂျစ္စတန် ယူ-၁၇ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါခြေစစ်ပွဲ အုပ်စု (I) ကို အိမ်ရှင်အဖြစ် ဗီယက်နမ်နိုင်ငံ၊ ဗီယက်ထရွိင်မြို့တွင် အောက်တိုဘာ ၂၃ မှ ၂၇ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပါတယ်။

မြန်မာ ယူ-၁၇ အသင်း အနေဖြင့် အောက်တိုဘာ ၂၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် ယီမင်၊ အောက်တိုဘာ ၂၅ ရက် မြန်မာစံတော်ချိန် ည ၆း၃၀ နာရီတွင် ဗီယက်နမ်၊ အောက်တိုဘာ ၂၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် ကာဂျစ္စတန် အသင်းတို့နှင့် ကစားရမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တောင်ကြီးတန်ဆောင်တိုင် (၇) ရက်တိုင် ကျင်းပမည်
Next post (၂၁-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်