မြန်မာဝတ်စုံလေးနဲ့ Close door interview မှာ အလှကြီးလှနေတဲ့ သဲစုညိမ်း

Miss Grand International ရဲ့ National Costume ပြိုင်ပွဲကို ၂၀ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ဒီပွဲမှာ သဲသဲ ၀တ်ဆင် အသုံးပြုတဲ့ နားတောင်းကတော့ ကုန်ဘောင်ခေတ်နှောင်းပိုင်းကာလ အေဒီ ၁၈-၁၉ရာစု ခန့်တွင် အသုံးပြုခဲ့သော မြန်မာ့နားတောင်းဖြစ်သည်။ ဖြုတ်နိုင်တတ်နိုင်သော အဆင့်ငါးဆင့်ပါ၀င်ပြီး ရွှေ၊ ငွေ၊ ပတ္တမြားတို့ဖြင့် ပြုလုပ်ထားသည်။

ခြေကျင်းကတော့ ရတနာပုံခေတ်နှောင်းပိုင်းကာလ အေဒီ ၁၉ ရာစုခန့်တွင် အသုံးပြုခဲ့သော ကျားခေါင်းခြေကျင်း ဖြစ်သည်။ ထိုခေတ်က ခြေကျင်းကို အဆန်းတကြယ်ဖြစ်အောင် ကျားခေါင်း၊ နရားခေါင်း၊ နဂါးခေါင်း စသည့်ဖြင့် အမျိုးမျိုး ပြုလုပ် သုံးစွဲခဲ့ကြသည်။

ဆံထိုးကတော့ ရှိရင်းစွဲမြန်မာ့ဆံထိုးလက်ရာများကို အခြေခံပြီး ပိုမိုခံ့ညားထည်ဝါအောင် ပြုလုပ်ဖန်တီးထားသော မြန်မာ့ ကနုတ်လက်ရာပါဆံထိုးကြီးဖြစ်သည်။ တိမ်မြှပ်နေသော မြန်မာ့အဆင်တန်ဆာအလှတရားများကို နိုင်ငံတကာအလယ်မှာ‌ ဖော်ထုတ်ပြသလိုသော ရည်ရွယ်ချက်ဖြင့် close door interview မှာ ၀တ်ဆင်ပြသသွားတာပဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၀-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post တောင်ကြီးတန်ဆောင်တိုင် (၇) ရက်တိုင် ကျင်းပမည်