ဇာတ်ကားထဲမှာတော့ တိုင်ရွန် နဲ့ ပတ်သက်ပြီး ရင်ဖွင့်လာသော ထက်ထက်ထွန်း

အလှမယ်လောက မှတဆင့် သရုပ်‌ဆောင်‌ပိုင်းကို ဇောက်ချလုပ်ကိုင်လာသူ သရုပ်ဆောင် ထက်ထက်ထွန်းကတော့ သူနဲ့တိုင်ရွန် ရိုက်ကူးခဲ့သော ဘယ်ဇာတ်လမ်းတွဲ ဖြစ်ဖြစ် တိုင်ရွန့်အပေါ်ထားတဲ့ အချစ်နဲ့ သစ္စာက မပြောင်းလဲဘူးလို့ ရင်ဖွင့်လာပါတယ်။

“ထက်အနေနဲ့က ‘လောင်’ ဆိုတဲ့ ဇာတ်ကားကလည်း ကိုယ့်အတွက် နောက်ထပ်ရလာတဲ့ အခွင့်အရေးတစ်ခုပေါ့။ အကောင်းဆုံးတော့ ကြိုးစားဖန်တီးထားပါတယ်။ မတူတဲ့သရုပ်ဆောင်နေရလေးတွေနေရာမှာ သရုပ်ဆောင်ခွင့် ပေးတဲ့အတွက်လည်း အောင်သီရိ ထုတ်လုပ်ရေးကိုရော၊ ဒါရိုက်တာ မမယ်မင်းဘုံ စတဲ့ သူတွေကိုပါ အရမ်းကျေးဇူးတင်တယ်။ ထက် လို သရုပ်ဆောင်ချင်သူ တစ်ယောက်ကို သရုပ်ဆောင်ခွင့်လေးတွေပေးတဲ့အတွက် ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတယ်။ လောင်မြိုက်မှုတွေကြားထဲက ‘လောင်’ ဇာတ်လမ်းတွဲမှာ အေးမြငြိမ်း ဆိုတဲ့ နေရာက သရုပ်ဆောင်ရတာမှာ ငြိမ်းချမ်းမယ်ထင်ပေမယ့် လောင်နေတဲ့ ကာရိုက်တာနဲ့ ထက် ကို မတူတာကို ထပ်သရုပ်ဆောင်ခွင့်ပေးထားတာ တွေ့ရတယ်။ ထက် အတွက် တစ်ကားနဲ့တစ်ကားမတူတဲ့ သရုပ်ဆောင်နေရာတွေမှာ စိန်ခေါ်မှုလေးတွေရှိလို့ ရင်ခုန်မှုတွေနဲ့အတူ စိတ်ပူပါတယ်။ ထက် ကို ဘယ်လို ထင်ကြေးပေးမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ လိုအပ်တာတွေပြင်ဆင်ပါမယ်”လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောခဲ့ပါတယ်။

သူမကတော့ ‘သမီးဆိုး’ ဇာတ်လမ်းတွဲမှာ ရွှေပုံဧရာ အဖြစ် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီနောက်ပိုင်းမှာ အိမ်ထောင်ရေး ဇာတ်လမ်းတွဲမှာ ဒေါက်တာခင်သီတာအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့အပြင် မကြာခင် ပြသမယ့် လောင် ဇာတ်လမ်းတွဲမှာတော့ အေးမြငြိမ်း ဆိုတဲ့ နေရာကနေ ထပ်မြင်တွေ့ရဦးမယ်လို့ ဆိုပါတယ်။

” ထက်နဲ့ တိုင်ရွန် ရယ်ကတော့ အန်တီဝါဝါအောင်က သမီးဆိုး ဇာတ်ကားမှာ အနိုင်ကျင့် နှိပ်စက်သမျှ ဒီဘက်မှာပြန်ဝဋ်လည်တယ် ပြောရလောက်အောင် အတွဲလိုက်လေး သရုပ်ဆောင်ထားတယ်။ ဇာတ်ကားတော့ ဘာမှမဆိုင်ဘူး၊ အပြန်အလှန်ပေါ့၊ တစ်ခုတော့ ထက် ပြောမယ်။ ဘယ်သရုပ်ဆောင်နေရာပဲရောက်ရောက်၊ ဇာတ်ကားထဲမှာတော့ ထက်ထက်ထွန်း ရဲ့ တိုင်ရွန့် အပေါ်ထားတဲ့ အချစ်နဲ့ သစ္စာက မပြောင်းလဲဘူး၊ အရှေ့ကားမှာတုန်းကလည်း သူ့ကိုချစ်မိလို့ မိဘကိုရော အမကိုရော ပြဿနာတွေရှာဖြစ်ခဲ့တယ်။ ပူလောင်ခဲ့ရတယ်။ ဒီကားမှာကျတော့ သူ့ကိုချစ်လို့ ဘယ်လောက်ဆိုးဆိုး သည်းခံပြီး လောင်ရပြန်တယ် “လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဝက်ဂနာကြေးစားတပ်ဖွဲ့၏ခေါင်းဆောင် ယမန်နေ့က လေယာဉ်ပျက်ကြ၍သေဆုံး
Next post ချစ်သူနဲ့အတူ ပျော်ရွှင်ခဲ့သော အမှတ်တရပုံလေးကို ချပြလာသော သရုပ်ဆောင် မေမီကိုကို