မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ ၃ ရွာအတွက် အိမ်တစ်လုံး ကျပ် ၃၅ သိန်းနှုန်း နဲ့ အိမ် ၅ လုံး လှူဒါန်း

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ရေဘေးပြန်လည်ထူထောင်ရေးအနေနဲ့ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ ၃ ရွာက အိမ် ၅ လုံးကို အိမ်တစ်လုံး ကျပ် ၃၅ သိန်းနှုန်းနဲ့ လှူဒါန်းခဲ့ပါတယ်။

“သဘာဝဘေးဒဏ် ခံစားရတဲ့ ဒေသတွေ ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် ပိုသူလှု လိုသူကူ မိသားစုတွေ နဲ့လည်း လှုဒါန်းခဲ့ကြပါတယ်။ ရေကြီးလို့ လူတွေ ရုတ်တရက် အသက်ကိုပင်လုပြီး ပြေးကြရတာကိုကြည့်ပြီးလည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအဖြစ်အပျက်နဲ့ ရင်ဆိုင်ကြသူတွေ အိမ်လုံးကျွတ် ရေနဲ့ပါသွားတာ ဘာတစ်ခုမှမကျန်အောင် ဆုံးရှုံးရကြတာမို့လေ။ ကျွန်တော်တို့ လောကသားတွေအပြင် စေတနာရှင်တွေရဲ့ ပါဝင်လှူဒါန်းမှု‌ကြောင့် လှူဒါန်းမှုတွေနဲ့ အစားအသောက်တွေ ဆေးဝါးစတာတွေကို လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ခုကတော့ လူနေအိမ်တစ်လုံးကို ကျပ် ၃၅ သိန်းနှုန်းနဲ့ အိမ် ၅ လုံးစာ ဆောက်လှူဖြစ်တာပါ”လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယခုလအတွင်း နေအိမ် ၁ လုံးကို ကျပ် ၃,၅၀၀,၀၀၀ ကျပ်နှုန်းနဲ့ အိမ်လုံးရေ ၅ လုံးအတွက် ကျပ် ၁၇၅ သိန်းကျပ်တိတိကို လှူဒါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံသဘင်အစည်းအရုံးက ဖွဲ့စည်းထားတဲ့ “ပိုသူလှု လိုသူကူ” မိသားစုတွေ အများစုပေါင်းအလှုအနေနဲ့ စားသောက်စရာ၊ အဝတ်အထည်၊ ဆေးဝါးစတဲ့ တပ်ကုန်းမြို့အနီးရှိ ရေဘေးဒဏ်ခံစားကြရတဲ့ ညောင်ကိုင်း၊ ဖောင်းတော၊ ရှားတောအိုင်၊ မန်ကျည်းပင်၊ ပိန်းတော၊ ရွာသစ်၊ နောင်သင်္ခါ၊ ဆူးလေရွာ‌တွေကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တို့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဆိုပါ သဘင်အစည်းအရုံးက ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ပြီးဆုံးလို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကိုလည်း ထိထိရောက်ရောက် ကူညီ‌နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ကြီးတံခွန်တွင် ယာဥ်ထိန်းရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခံရ
Next post (၁၅-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်