ပြည်ကြီးတံခွန်တွင် ယာဥ်ထိန်းရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခံရ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားတွင် အောက်တိုဘာ ၁၃ ရက်၊ ညနေ ၄ နာရီက ယာဥ်စစ်လုပ်ငန်း တာဝန်ထမ်းဆောင်နေချိန် ယာဥ်ထိန်းရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခံခဲ့ရ ကြောင်း သိရသည်။
ယာဥ်စစ်လုပ်ငန်း တာဝန်ထမ်းဆောင်နေသည့် ယာဥ်ထိန်း ဒုရဲအုပ်တစ်ဦးကို မြောက်မှ တောင်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲနှင့် နီးစပ်သူများထံမှ သိရသည်။
“သေနတ်နဲ့အပစ်ခံရတဲ့ ယာဥ်ထိန်း ဒုရဲအုပ်မှာ ညာဘက်လက်ပြင်မှဖောက် ဝင်ပြီး ရှေ့ရင်ဘက်ကိုဖောက်ထွက် ဒဏ်ရာတစ်ချက်(စိုးရိမ်ရ)ရရှိခဲ့ပါတယ်။” ဟု လုံခြုံရေးတပ်ဖွဲနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ သေနတ်ဒဏ်ရာရရှိခဲ့သည့် ဒုရဲအုပ်ကို လူနာတင်ယာဥ်ဖြင့် ပြည်ကြီးတံခွန်ဆေးရုံကြီးသို ဒေသအခြေစိုက် လူမှုကူညီရေးအသင်းက ကူညီပိုဆောင် ပေးခဲ့ရကြောင်း သိရသည်။
ထိုအတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေ ၆ နာရီကလည်း ပြည်ကြီးတံခွန်မြိုနယ်တွင် ရာအိမ်မှူးတစ်ဦး နေအိမ်တွင်းရှိနေချိန် သေနတ်ဖြင့်လာရောက်ပစ်ခတ်ခံရခြင်းကြောင့် နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။