MGI 2024 ပြိုင်ပွဲကြီးကို အောက်တိုဘာ ၇ ရက်ကနေ အောက်တိုဘာ ၂၅ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပသွားမယ် လို့ တရားဝင်ပြန်လည်ကြေညာ

အလှမယ်သဲစုညိမ်းဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Grand International 2024 ပြိုင်ပွဲကြီးကတော့ အောက်တိုဘာ ၇ ရက် ကနေ အောက်တိုဘာ ၂၅ ရက်အထိ ထိုင်းနိုင်ငံမှာ အိမ်ရှင်အနေနဲ့ ကျင်းပသွားမယ်လို့ တရားဝင် ပြန်လည်ကြေညာလာ ပါတယ်။

“ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ Cambodia ဟာ တွဲဘက်အိမ်ရှင်အဖြစ် ဆက်လက်ပါဝင်သွားမှာ မဟုတ်ကြောင်း ကြော်ငြာရတာဟာ အင်မတန်စိတ်ထိခိုက်မိပါတယ်။ Miss Grand Cambodia ဟာ စာချုပ်မှာ ကတိကဝတ်ပြုထားတဲ့ အချက်အလက်တွေကို ပြည့်မီအောင်မထောက်ပံ့ပေးနိုင်ပါဘူး။ ပြီးတော့ MGI က သတ်မှတ်ထားတဲ့ အရည်အသွေးပြည့်မီတဲ့ ဝန်ဆောင်မှုမပေးနိုင်ပါ။ ပရိသတ်များ နားလည်လက်ခံပေးနိုင်မယ်လို့ ယုံကြည်ပြီး ရှေ့ဆက်အားပေးကြတာကို လှိုက်လှဲစွာဝမ်းသာမိပါတယ်”လို့ MGI ဘက်ကနေ တရားဝင်ကြေညာလာပါတယ်။

အဆိုပါပြိုင်ပွဲကြီးအတွက် အောက်တိုဘာ ၆ ရက်က ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြီးတော့ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရလို့ ဂုဏ်ယူနေတယ်ဆိုပြီးမှ လိုအပ်ချက်တွေကြောင့် ပြောင်းလဲ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

Miss Grand International 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ အတိအလင်းကြေညာခဲ့ပေမဲ့ တချို့သော အခြေအနေတွေ အကြောင်းကြောင်းကြောင့် ထပ်မံပြီး ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပသွားဖို့ စီစဥ်ခဲ့တာ လည်းဖြစ်ပါတယ်။ လက်ရှိ ကမ္ဘောဒီးယားနိုင်ငံမှာ အိမ်ရှင်အနေနဲ့ လက်ခံကျင်းပနေရင်းကနေ Dinner Cruise ပေါ်က အလှမယ်တွေရဲ့ပုံရိပ်ကြောင့် MGI စံညွှန်းနဲ့ မကိုက်ညီလို့ဆိုပြီး ထိုင်းဘက်ကို ပြောင်းလဲကျင်းပမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အောက်တိုဘာ (၈)ရက်နေ့ ယနေ့တွင် နေပြည်တော် နှင့် မကွေးတိုင်းဒေသကြီးတို့၌ နေရာကွက်၍ မိုးကြီးနိုင်