အောက်တိုဘာ (၈)ရက်နေ့ ယနေ့တွင် နေပြည်တော် နှင့် မကွေးတိုင်းဒေသကြီးတို့၌ နေရာကွက်၍ မိုးကြီးနိုင်
အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်းနှင့် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ပါသည်။
သို့ပါသော်လည်း ယနေ့မွန်းတည့်ချိန်အထိ နေပြည်တော်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော် နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါကြောင်း မိုး/ဇလမှ ခန့်မှန်းထားပါသည်။
More Stories
သီတင်းကျွတ်ကာလတွင် အဝေးပြေးယာဉ်လိုင်း (၂၀၀) ကျော် ပြေးဆွဲပေးနေ
သီတင်းကျွတ်ကာလဖြစ်သည့် အများပြည်သူအားလပ်ရက်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် အဝေးပြေးယာဉ်လိုင်း (၂၀၀)ကျော်ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (အဝေးပြေး) မှ သိရသည်။ သီတင်းကျွတ်မတိုင်မီ တစ်ရက်လျှင် ခရီးသွားပြည်သူ (၇၀ ၀၀) ကျော်ရှိခဲ့ရာမှ ယခုသီတင်းကျွတ်ကာလတွင် တစ်ရက်လျှင်...
အမြန်လမ်းမှာ တက်နေလင်း ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်လို့ နှစ်ဦးသေ၊ ဆယ်ဦး ဒဏ်ရာရ
ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၄/၀ မှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ဆယ်ဦး ဒဏ်ရာရရှိကာ နှစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က...
နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွင် ပါဝင်ကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း
NCA စာချုပ်ရေးထိုးပြီးချိန်ကပင် ကတိကဝတ်များကိုချိုးဖောက်၍ ကိုယ်ကျိုးရှာနိုင်ငံရေးအမြတ်ထုတ်နေသည့် EAO များပေါ်ပေါက်ခဲ့ခြင်းများကိုတွေ့ရှိခဲ့ရသည်ဟု နစက ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအာင်လှိုင်က ပြောသည်။ ယနေ့ အောက်တိုဘာ ၁၅ ရက်တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)...
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းပြီး QIP စီမံကိန်း (၅)ခု လက်မှတ်ရေးထိုး
မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့အကြား နှစ်နိုင်ငံပူးပေါင်းပြီး အမေရိကန်ဒေါ်လာ (၂၅၀၀၀၀)တန်ဖိုးရှိသည့် စီမံကိန်း (၅)ခုကိုအကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ယင်းစီမံကိန်း လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ အောက်တိုဘာ (၁၄) ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁)...
ပြည်ကြီးတံခွန်တွင် ယာဥ်ထိန်းရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခံရ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြိုနယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားတွင် အောက်တိုဘာ ၁၃ ရက်၊ ညနေ ၄ နာရီက ယာဥ်စစ်လုပ်ငန်း တာဝန်ထမ်းဆောင်နေချိန် ယာဥ်ထိန်းရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခံခဲ့ရ...
လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို GVW PDF အဖွဲ့က ယနေ့ လုပ်ကြံခဲ့ဟု သတင်းထုတ်ပြန်
လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်သူဝင်းနှင့် ယာဥ်မောင်းကို GVW PDF(Golden Valley Warriors) အဖွဲ့က ယနေ့ လုပ်ကြံခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်။ အဆိုပါလုပ်ကြံမှုကို လှိုင်သာယာတွင် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်၌ ပြုလုပ်ခဲ့သော Mission အောင်မြင်ခဲ့ပြီး...