MGI 2024 Cambodia Arrival Day ပြိုင်ပွဲကြီးအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင်ထွက်ခွာခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုညိမ်း

ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သဲစုညိမ်းကတော့ Miss Grand International 2024 @MGI 2024 အလှမယ်ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံကနေ Cambodia Arrival Day အတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင်ထွက်ခွာခဲ့ပါတယ်။

“သဲအနေနဲ့ ဒီပြိုင်ပွဲအတွက် အားလည်း အရမ်းရပါတယ်။ သဲအနေနဲ့ ရင်လည်းအရမ်းခုန်ပါတယ်။ စိတ်လည်း တော်တော်လှုပ်ရှားပါတယ်။ သဲသဲ မြန်မာကိုယ်စားပြု Crown ရပြီးကတည်းက ဒီပြိုင်ပွဲကိုဝင်ဖို့ စောင့်နေတာ ၉ လကြာခဲ့ပါပြီ။ သဲအနေနဲ့ အကောင်းဆုံးကြိုးစားသွားပါမယ်” လို့ Miss Grand Myanmar 2024 အလှမယ် သဲစုညိမ်းက ပြောပါတယ်။

သူမကတော့ ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့က စတင်ပြီးတော့ ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ့် Miss Grand International 2024 အလှမယ်ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကနေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင် ထွက်ခွာခဲ့ပါတယ်။

လက်ရှိမှာတော့ Cambodia Arrival Day အတွက် Top 10 Pre-Arrival အတွက် ထိပ်တန်းအလှမယ် ၁၅ ဦး ပေါ်ထွက်နေပြီးလည်းဖြစ်ရာ Voting အဆင့်မှာ အမြင့်ဆုံးပါဝင်သူကတော့ ကမ္ဘာဒီးယားနိုင်ငံက သမ္မတနဲ့အတူ အထူးညစာစားပွဲကို တက်ရောက်ခွင့်ရမှာလည်းဖြစ်ပါတယ်။ Voting စနစ်နဲ့မဲကိုလည်း ဖနွမ်းပင်မြို့ စံတော်ချိန် အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီမှာ မဲပေးစာရင်းပိတ်မှာလည်း ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးမှာတော့ နိုင်ငံအသီးသီးက ကိုယ့်စားပြုအလှမယ်တွေဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မက္ကဆီကို၊ ပီရူး၊ အိန္ဒိယ၊ ဘရာဇီး၊ စပိန်၊ မလေးရှား၊ ပါရာဂွေး စတဲ့နိုင်ငံပေါင်း ၄၀ ကျော်က အလှမယ်တွေအတူ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သဲစုညိမ်းက ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုးရွာသွန်းမှုကြောင့် စစ်တောင်းမြစ်‌ရေတိုးလာပြီး ဒေသအချို့ ရေများပြန်လည်ဝင်ရောက်နေ
Next post စက်သုံးဆီ ဝယ်ယူခွင့်ကတ်ကို မြိုကြီးများမှာ စမ်းသပ် အသုံးပြုရန် စီစဉ်နေ၊ ပြည်တွင်း သုံးစွဲမှု ပမာဏကို အတိအကျသိရန် ရည်ရွယ်ဟုဆို