စက်သုံးဆီ ဝယ်ယူခွင့်ကတ်ကို မြိုကြီးများမှာ စမ်းသပ် အသုံးပြုရန် စီစဉ်နေ၊ ပြည်တွင်း သုံးစွဲမှု ပမာဏကို အတိအကျသိရန် ရည်ရွယ်ဟုဆို

စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်)ဖြင့် စက်သုံးဆီဝယ်ယူရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြိုကြီးများ၌ ဦးစွာစမ်းသပ်အသုံးပြုရန် စီစဉ်နေကြောင်း စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)ထံမှ သိရသည်။

ယင်းစက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြားသည် ဆီဝယ်ယူချိန်၌ ကားနံပါတ်၊ ယာဉ်အမျိုးစားနှင့် ဝယ်ယူသည့် ဆီအမျိုးအစား များကို အချက်အလက်ကောက်ယူနိုင်မည့် ကတ်အမျိုးအစားလည်း ဖြစ်သည်။

သိုသော် စက်သုံးဆီဝယ်ယူခွင့်ကို စမတ်ကတ်စနစ်ဖြင့်ဆောင်ရွက်ခြင်းသည် တစ်ရက်လျှင် တစ်ကြိမ်သာ အကန့်အသတ်ဖြင့် ဆီဝယ်ယူရန် ဆောင်ရွက်ခြင်းမျိုးမဟုတ်ကြောင်း MPTA တာဝန်ရှိသူတစ်ဦးက ပြည်တွင်းသတင်းဌာနတစ်ခုကို ပြောကြား ထားချက်အရ သိရသည်။

ယင်းကတ်သည် ပြည်တွင်း၌ သုံးစွဲနေသည့် စက်သုံးဆီပမာဏ အတိအကျကို သိရှိပြီး မည်မျှတင်သွင်းရမည်ကို သိရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်ဟု သိရသည်။ ထိုနည်းတူ စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်) ၌ပါရှိသည့် ယာဉ်အမှတ်ဖြင့်သာ စက်သုံးဆီ ဝယ်ယူခွင့်ရှိမည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MGI 2024 Cambodia Arrival Day ပြိုင်ပွဲကြီးအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ စတင်ထွက်ခွာခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုညိမ်း
Next post (၄-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ