The Mask Singer ရဲ့ ကယ်လီယိုပက်ထရာ မျက်နှာဖုံး ပိုင်ရှင် ထပ်ဆင့်အကယ်ဒမီ စိုးပြည့်သဇင်

ဒီတပတ်အတွက် The Mask Singer Myanmar Season 2 မှာ မျက်နှာဖုံးချွတ်ပြရတာကတော့ အားလုံးသိချင်နေကြတဲ့ ကလီပက်ထရာလေး ထပ်ဆင့်အကယ်ဒမီ စိုးပြည့်သဇင်ပဲဖြစ်ပါတယ်။

“The Mask Singer Myanmar အစီအစဉ်ကို ကြည့်ပြီး ကလီယိုပတ်ထရာ လေးကို စိတ်ဝင်စားပြီးခန့်မှန်းပေးကြလို့ ပျော်ရပါတယ် စိုးပြည့်ရဲ့Rockဆိုတဲ့ အသံကာလာကိုရော popဆိုတဲ့အသံကာလာကိုရော မှတ်မိပြီး ကလီယိုပတ်ထရာက စိုးပြည့်သဇင်ပါလို့ ၁၀၀%ခန့်မှန်းပေးကြတဲ့သူလေးတွေကိုလဲ ကျေးဇူးများကြီးတင်ရပါတယ်… .ဒီအစီအစဉ်လေးမှာ ပါဝင်ခဲ့ရတဲ့အတွက် စိုးပြည့်လည်း အရမ်းကိုဝမ်းသာကျေနပ်မိပါတယ်ရှင့်။ ဒီအစီစဉ်လေးကြောင့် ပရိတ်သတ်တွေအနေနဲ့ ခဏလောက်ဖြစ်ဖြစ် ဘဝအမောတွေပြေပျောက်ပီး ပျော်ရွှင်စေနိုင်ဖို့ မျှော်လင့်ပါတယ်” သူမက ဆိုထားပါတယ်။

ဆက်လက်ပြီး စိုးပြည့်က “ဒီအစီစဉ်လေးကလည်း အရင်လတွေထဲက ကြိုတင်ရိုက်ထားတာဖြစ်ပါတယ်။နောက်ထပ် မျက်နှာဖုံးချွတ်မယ့် သူတွေဘယ်သူတွေဖြစ်မလဲ သိဖို့အတွက် The Mask Singer Myanmar ကို အပတ်စဉ်သောကြာ ညတိုင်း Channel -9 မှာစောင့်ကြည့်ပါဦးနော်..🥰 လို့ စိုးပြည့်သဇင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post စက်တင်ဘာ လကုန်ရက်နှင့် အောက်တိုဘာ လဆန်းပိုင်း များတွင် နိုင်ငံအနှံ့ မိုးပြန်ရွာနိုင်