တေးသံရှင် ခြိမ့်ကေကို (Banana) ရဲ့ “ရိုးသားကြိုးစား” သီချင်း လေလံရငွေကို ခိုင်နှင်းဝေဆီ လှူဒါန်း

ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ရည်ရွယ်ချက်နဲ့ တေးသံရှင် ခြိမ့်ကေကို (Banana) က ကိုယ်တိုင် ခံစားရေးဖွဲ့ထားတဲ့ “ရိုးသားကြိုးစား” သီချင်းကို လေလံတင်ခဲ့ရာမှာ အမေရိကန်နိုင်ငံက သူ့ရဲ့ပရိသတ်တွေက ကျပ် ၁၇ သိန်းခွဲနဲ့ လေလံအောင် ခဲ့လို့ ယမန်နေ့ စက်တင်ဘာ ၂၂ ရက်မှာ ခိုင်နှင်းဝေက တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။

“မင်္ဂလာပါ ကျွန်တော့်မွေးမိခင် ချစ်မေမေနဲ့အတူ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ ‘ရိုးသားကြိုးစား’ သီချင်းလေးကို ပါ၀င်အားဖြည့်ပြီးတော့ ရေဘေးကူညီရေးအတွက် ပါ၀င်လှူဒါန်းပေးတဲ့ US က ကိုဖြိုး၊ ကိုထွဋ် မလေးမြင့်၊ မယုခိုင်၊ စေတနာရှင်တွေက ငွေကျပ် ၁၇ သိန်း ၅ သောင်းကျပ်ကို မမ Khine Hnin Wai Foundation သို့ ကျွန်တော်ချစ်မေမေနဲ့ အတူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ခုနစ်ရက်သားသမီးများနှင့် ရာဟုအပါအ၀င်အားလုံး ဘေးအားလုံးမှ ကင်းဝေးကြပါစေ”လို့ ခြိမ့်ကေကိုက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ရည်ရွယ်ချက်နဲ့ သူကိုယ်တိုင် ခံစားရေးဖွဲ့ထားတဲ့ “ရိုးသားကြိုးစား” ဆိုတဲ့ သီချင်းကို လေလံကြမ်းခင်းဈေး ကျပ် ၁၅ သိန်းသတ်မှတ်ပြီး လူမှုကွန်ရက် စာမျက်နှာကနေ လေလံတင်ရောင်းချခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်မှာ အမေရိကန်နိုင်ငံက သူ့ပရိတွေရဲ့ဝယ်ယူအားပေးမှု ကြောင့် ကျပ် ၁၇ သိန်းခွဲနဲ့ လေလံအောင်မြင်သွားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှု ဖြစ်ပွား ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ထောက်ပံ့ ဖြန့်ဖြူး ပေးသွားမည်
Next post သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူကို စစ်သွေးကြွတွေ သတ်ဖြတ်