သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူကို စစ်သွေးကြွတွေ သတ်ဖြတ်

မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူကို စစ်သွေးကြွ အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

စက်တင်ဘာလ(၂၁)ရက် နံနက်(၁၀)နာရီအချိန်ခန့်က သထုံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်စု၊ ဂေါ့ရွာကြီးပိုင်းနေ သထုံခရိုင်တရားရုံး ဌာနခွဲစာရေး အဆင့်ရှိ အသက်(၄၃)နှစ်အရွယ် ဒေါ်သင်းသင်းမြတ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အသက်(၃၉)နှစ်အရွယ် ဦးကျော်ဟိန်းတို့နှစ်ဦးမှာ ၎င်းတို့နေအိမ်တွင်ရှိနေစဉ် စစ်သွေးကြွ အဖွဲ့ဝင်နှစ်ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။

ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်သင်းသင်းမြတ်တွင် ဘယ်ဘက်လက်မောင်း၊ လက်ဖျံနှင့် ဘက်ဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်စီနှင့် ဘယ်ဘက်နား အနောက်တွင် ကျည်ဖောက်ထွက်ဒဏ်ရာ (၁) ချက်ဖြင့်လည်းကောင်း၊ ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တွင် ညာဘက်ပါး၊ ညာဘက်လက်ဖျံ နှင့် ဘက်ဘက်လက်ဖျုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်စီနှင့် ဝမ်းဗိုက် ဘယ်ဘက်ခြမ်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ဂျိုစောင်းတွင် ကျည်ထောက်ထွက် ဒဏ်ရာ (၁) ချက်စသည့် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားသည်။

ယင်းနောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သွားသည့် သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ ဒေါ်သင်းသင်းမြတ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တို့၏ ရုပ်အလောင်းများအား ဒေသခံလူမှုကူညီရေးအဖွဲ့မှ သထုံခရိုင် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တေးသံရှင် ခြိမ့်ကေကို (Banana) ရဲ့ “ရိုးသားကြိုးစား” သီချင်း လေလံရငွေကို ခိုင်နှင်းဝေဆီ လှူဒါန်း
Next post (၂၄-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်