300 ရုပ်ရှင်ရဲ့ prequel ဇာတ်လမ်းတွဲ တကယ် ထွက်လာမယ်လို့ အတည်ပြုပြီ

Warner Bros. Discovery ဟာ ၎င်းတို့ပိုင် နာမည်ကျော်ရုပ်ရှင် franchise တွေထဲကတစ်ခုဖြစ်တဲ့ 300 ​ကိုလည်း အခြား franchise တွေနည်းတူ ထပ်မံချဲ့ထွင်သွားတော့မှာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Zack Snyder ရဲ့ သမိုင်းနောက်ခံရုပ်ရှင်တစ်ကားဖြစ်တဲ့ 300 နဲ့ ပတ်သက်ပြီး Warner Bros. Discovery က ဇာတ်လမ်းတွဲတစ်ခုအဖြစ် ထုတ်လုပ်သွားဖို့ပြင်ဆင်နေကြောင်း ၂၀၂၄ ဇွန်လက Variety မဂ္ဂဇင်း ရဲ့ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့ပေမယ့်လည်း အသေးစိတ်မသိရသေးတာကြောင့် ဝေဝါးနေပေမယ့်လည်း ယခုအခါမှာတော့ တိကျတဲ့အဖြေတစ်ခုရရှိလာပြီဖြစ်ပါတယ်။

300 ဒါရိုက်တာ Zack Snyder ဟာ 300 prequel ဇာတ်လမ်းတွဲတစ်ခုရိုက်ကူးဖို့ပြင်ဆင်နေကြောင်း ComicBook ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပြောပြလာတာပါ။

“ကျွန်တော်တို့တွေ ဒါနဲ့ပတ်သက်ပြီး အလုပ်လုပ်ကြဖို့အကုန်အဆင်သင့်ပါပဲ။ စိတ်လှုပ်ရှားစရာကောင်းတယ်၊ သဘောကျတယ်။ အစောပိုင်းလုပ်ခဲ့တဲ့အစည်းအဝေးတွေမှာတောင် ဒီလိုလေးဖြစ်မလား ဟိုလိုလေးဖြစ်မလား ဆိုပြီး တွေးကြပြုကြနဲ့ ပျော်စရာကောင်းတယ်။”

အဆိုပါ prequel ဇာတ်လမ်းတွဲဟာ 300 ရုပ်ရှင်မတိုင်ခင်က အဖြစ်အပျက်တွေကို ဇာတ်လမ်းတွဲတစ်ခုအဖြစ် ထုတ်လုပ် သွားမှာဖြစ်ပြီး 300 ရဲ့ ထုတ်လုပ်သူတစ်ဦးဖြစ်သူ Deborah Snyder က အမှုဆောင်ထုတ်လုပ်သူတစ်ဦးအဖြစ် ပါဝင်သွားမှာသလို Zack Snyder ကိုယ်တိုင်လည်း အဆိုပါဇာတ်လမ်းတွဲကို ဒါရိုက်တာနေရာကနေသာမက ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ထုတ်လုပ်သူအဖြစ်ပါ ပူးတွဲတာဝန်ယူသွားနိုင်ချေရှိနေပါတယ်။

300 ဟာ ဂရိမြို့ပြနိုင်ငံတစ်ခုဖြစ်တဲ့ စပါတန်ပြည်က လီယိုနိုက်ဒါဘုရင်ရဲ့ ပါရှန်းတပ်တွေအပေါ် ခုခံတိုက်ခိုက်မှုကို အ​ခြေတည်ရိုက်ကူးထား တာဖြစ်ပြီး Olympus Has Fallen သရုပ်ဆောင် Gerard Butler က လီယိုနိုက်ဒါဘုရင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ” ဂန္တဝင် ငတိုး ” ရုပ်ရှင်ဇာတ်ကား ရဲ့ ကန်တော့ပွဲပေးခြင်း အခမ်းအနား ကျင်းပ
Next post ရေဘေးအလှူငွေ လက်ခံပွဲတွင် ကျပ် ၃၂ ဘီလီယံကျော်ရရှိ