” ဂန္တဝင် ငတိုး ” ရုပ်ရှင်ဇာတ်ကား ရဲ့ ကန်တော့ပွဲပေးခြင်း အခမ်းအနား ကျင်းပ

” Lucky 10 ” Film Production မှ စီစဉ်ပြီး ဇာတ်လမ်း ဓနုတ်ကိုကိုဇော် , ဇာတ်ညွှန်း ရာဇဝင်ကို , ဒါရိုက်တာ စိုးမိုးမင်း ,ပုံဖော် ရိုက်ကူးမယ့် “ဂန္တဝင် ငတိုး ” ရုပ်ရှင်ဇာတ်ကားရဲ့ ကန်တော့ပွဲပေးခြင်း အခမ်းအနားကို စက်တင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းက မြို့မကျောင်းလမ်းရှိ အိမ်တော်ရာ ဘုရားမှာ ပါဝင်သရုပ်ဆောင်ကြမည့် အနုပညာရှင်များ , အတတ်ပညာရှင် များ , တာဝန်ရှိသူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားကို သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ စည်ဖြိုး၊ ဟိန်းသီဟ၊ ထက်ထက်ထွန်း၊ ခြူးစစ်ဟန်၊ ဘုန်းလျှံ၊ ဇော်ဝင်းနိုင်၊ အရိုင်း၊ နေလင်း၊ စူပါလင်း၊ သွက်လက်၊ ဝိုင်းဝိုင်းလည်၊ ဂျက်လီ၊ အကယ်ဒမီ ဂွမ်းပုံလေး၊ အကယ်ဒမီ ဝါဝါအောင်၊ မျိုးမျိုးခိုင်နဲ့ သရုပ်ဆောင်များစွာ ပါဝင်မှာပါ။

“ဂန္တဝင်ငတိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဇာတ်ဝင်တေးသီချင်းကိုတော့ သျှန်ထွန်း (မြန်မာစာ) က ရေးသားဖန်တီးထား တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေကြီးရေလျှံမှုကြောင့် ဖောင်တော်ဦး ဘုရားပွဲ မပြုလုပ် ဖြစ်တော့ဟု သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ဆို
Next post 300 ရုပ်ရှင်ရဲ့ prequel ဇာတ်လမ်းတွဲ တကယ် ထွက်လာမယ်လို့ အတည်ပြုပြီ