
ပရိသတ်တွေကို ပျော်ရွှင်စေချင်လို့ ရှက်ပေမယ့်လည်း နာရီစင်ကြီးလုပ်ခဲ့တဲ့ ဦးချမ်းသာ
ရွှေမန်းသဘင်က ဦးချမ်းသာက အသက် ၆၀ ကျော်နေပြီဖြစ်ပေမယ့်လည်း သူ့ကိုအားပေးတဲ့ပရိသတ်တွေကို ပျော်ရွှင် စေချင်တာကြောင့် The Mask Singer Myanmar Season 2 မှာ ပါဝင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။






ရွှေမန်းဦးချမ်းသာသည် The Mask Singer Myanmar Season 2 Group E ကနေပါဝင် ယှဉ်ပြိုင်ခွင့်ရရှိပြီး နာရီစင်ဝတ်စုံ ဝတ်ဆင်ကာ အုပ်စုအဆင့်မှာပဲ မျက်နှာဖုံးချွတ်ခွင့်ရသည်ဖြစ်ပါတယ်။ နာရီစင်ဝတ်စုံ မျက်နှာဖုံးရှင် ဒိုင်များက အသီးသီး ထင်ကြေးပေးကြတာ ဖြစ်ပြီး မှန်ကန်တယ့်ဒိုင် မရှိလောက်အောင် ဦးချမ်းသာ စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နာရီစင်ဝတ်စုံက လှပေမယ့်လည်း မျက်နှာဖုံးက အရမ်းလေးပြီးတော့ ကမ္ဘာပျက်မတတ်ခံစားသွားခဲ့ရပါတယ်လို့ ဦးချမ်းသာ ဆိုပါတယ်။
ပရိသတ်နှုတ်ဆက် သီချင်းအဖြစ် ဦးချမ်းသာက သူ့ကို အားပေးသူတွေအတွက် “ငှက်ကလေးများအသွင်” သီချင်းနဲ့လည်း ဖျော်ဖြေပေးခဲ့လို့ ရွှေမန်းသဘင်ကို လွမ်းနေသူတွေအတွက်တော့ အနည်းငယ်အလွမ်းပြေသွားစေပါတယ်။