Country သီချင်းလေးတွေ ထိုင်းနိုင်ငံမှာ ပြန်လည် သီဆိုရိုက်ကူးခဲ့တဲ့ အဆိုတော် ဝိုင်းလေး

ဝိုင်းလေး က ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ကိုယ်တိုင်ရေးဆိုပြီး အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့ ၂၀၁၃ ခုနှစ်ကနေ အဆိုပြိုင်ပွဲကနေ တဆင့်ချင်းတက်လာခဲ့တဲ့ အဆိုတော်ကောင်မလေး တစ်ယောက်ပါ။ သူမရဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးဆိုသလို ဘာသာစကားမျိုးစုံနဲ့ international သီချင်းတွေကိုလည်း သေချာ ပြန်လည် တီးခတ် သီဆိုရိုက်ကူးလေ့ရှိပါတယ်။

English/Korea/Chinese/Thai ဘာသာစကားတွေနဲ့ တေးသီချင်းသီဆိုမှုပေါင်း ၃၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ် ကိုရီးယား နိုင်ငံ Changwon နဲ့ busan မြို့ ယဉ်ကျေးမှု ဖလှယ်ပွဲမှာ Myanmar Artist အနေနဲ့ သွားရောက်ဖျော်ဖြေခွင့်ရခဲ့ပြီးနောက် Seoul မြို့မှာ Korea music producer နဲ့ သူမရဲ့ အောင်မြင်ပြီးသော လက်ခံပြီးသား သီချင်းကို ကိုရီးယားဘာသာ ဖြင့် ပြန်လည် သီဆိုရိုက်ကူး ဖြန့်ချီခဲ့ပါသေးတယ်။

Cover song တစ်ပုဒ်သီဆို တိုင်း စတင်တီးခတ်တဲ့ music ကအစ ကိုယ်ပိုင်ဟန်ဖြင့် music band ဖြင့်ပြန်လည်ဖန်တီးခြင်း အသံသွင်းလျှင် ဘာသာစကားအလိုက် Guide များဖြင့် လေ့ကျင့်သင်ကြားပြီးမှ သွင်းလေ့ရှိခြင်း ရိုက်ကူးရာမှာလည်း သီချင်း အလိုက် စီစဉ်ရိုက်ကူးခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ယခုအခါမှာလည်း သေချာ ကိုယ်တိုင် music arrangment ပြုလုပ်ပြီး Country Road သီချင်းကို ထိုင်းနိုင်ငံရဲ့ လမ်းမထက်မှာ ကိုယ်တိုင်ပုံ‌ဖော်သီဆိုပြီး ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post AA က သံတွဲမြို့နဲ့၇ မိုင်သာဝေးတဲ့ ဇီးဖြူကုန်းဒေသခံများကို လူသားတံတိုင်းအဖြစ် အသုံးချရန် စုစည်းဖမ်းဆီးထား