ချောရတနာ ပါဝင်ထားသည့် အိပ်မက်ထဲက အိပ်မက် season 2ကို chanel k တွင် ပြသမည်

ချောရတနာ ပါဝင်သရုပ်ဆောင်ထားတဲ့ “အိပ်မက်ထဲက အိပ်မက်” ရုပ်သံဇာတ်လမ်းတွဲ Season 2ကို ဇူလိုင်လ (၂၆)ရက်နေ့ မွန်းလွဲပိုင်း က KER Residance မှာ မီဒီယာတွေနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ မိတ်ဆက်ပွဲကို ချောရတနာ ၊ဗညာဘုန်းပြည့် ၊သဇင်ထူးမြင့်အပါအဝင် ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေနဲ့ ဖိတ်ကြားထားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

“အားလုံးနားထားပြီးမှ “အိပ်မက်ထဲကအိပ်မက်” ဇာတ်လမ်းတွဲက ပထမဦးဆုံးစပြီးသရုပ်ဆောင်ရတဲ့ ဇာတ်ကား ဖြစ်လို့ အမှတ်တရတွေ အများကြီးရှိခဲ့‌ကြောင်း၊ season 1မှာ လဲ ထိုက်သင့်သလောက်အောင်မြင်မှုရခဲ့လို့ ပျော်ရကြောင်း နှင့် Season 2 မှာလည်း အများကြီးကြိုးစားသရုပ်ဆောင်ထားတာဖြစ်လို့ ပရိတ်သတ်တွေအနေနဲ့ သူမကို အားပေးစေလိုကြောင်းကို ချောရတနာကပြောခဲ့ပါတယ်။

အဆိုပါ “အိပ်မက်ထဲကအိပ်မက် ” ရုပ်သံဇာတ်လမ်းတွဲ season 2ကို လာမယ့် ဇူလိုင်လ( ၃၀)ရက်နေ့မှ စတင်ကာ အပါတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့တွေမှာ chanel K ရုပ်သံလိုင်းမှာ ထုတ်လွင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရက်ပ်ပါအဆိုတော် Take off ကို ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ခဲ့သည့် ဧရာမတက်တူးကြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့
Next post ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့မှုကြောင့် ဂျူဗင်တပ်အသင်း ဥရောပပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ၁ နှစ် ပိတ်ပင်ခံလိုက်ရ