ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့မှုကြောင့် ဂျူဗင်တပ်အသင်း ဥရောပပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ၁ နှစ် ပိတ်ပင်ခံလိုက်ရ

ဇူလိုင်လ ၂၉ ရက်

အီတလီစီးရီးအေ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့်ဂျူဗင်တပ်အသင်းသည် ကလပ်လိုင်စင်နှင့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့မှုကြောင့် ဥရောပပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် (၁) နှစ် ပိတ်ခံလိုက်ရကြောင်း သိရပါတယ်။

အဆိုပါပြစ်ဒဏ်ကို ဥရောပဘောလုံးအဖွဲချုပ် UEFA ကချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ငွေအဖြစ် ယူရိုပေါင်သန်း ၂၀ ချမှတ်ခဲ့ကာ ဖီအိုရင်တီးနားသည် ယခုရာသီ ကွန်ဖရင့်လိဂ်တွင် ဂျူဗင်တပ်စ်၏ နေရာကို အစားထိုး၀င်ပြိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ အပြောင်းအရွှေ့တွေမှာ ကစားသမားတွေကို ငွေပေးချေရာမှာ မမှန်မကန် ပြုလုပ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခံနေရတာပါ။

အီတလီဘောလုံးအဖွဲ့ချုပ်ကနေ ၁၅ မှတ်လျော့ပြစ်ဒဏ် ချမှတ်ခဲ့ပေမဲ့ ပြန်လည် ပြင်ဆင်ပြီးနောက် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်က ဆက်လက်စစ်ဆေးနေဆဲဖြစ်လို့ ပြစ်မှုထင်ရှားခဲ့တာကြောင့် ဥရောပပွဲကစားခွင့် ပိတ်ပင်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချောရတနာ ပါဝင်ထားသည့် အိပ်မက်ထဲက အိပ်မက် season 2ကို chanel k တွင် ပြသမည်
Next post တွယ်တာနှောင်ကြိုး Press Show ပွဲ ကျင်းပ