ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များ အား မတ် ၂၈ ရက်မှ ဧပြီ ၅ ရက်နေ့အထိ ကုသပေးမည်

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် မတ် ၂၈ ရက် နံနက် ၉ နာရီခွဲအချိန်မှ စတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဒေသခံပြည်သူများ လိုအပ်နေသော မျက်စိအထူးကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်းကြီးဌာန၊ မျက်စိအထူးကုဆရာဝန်ကြီးများ ပါဝင်သော မျက်စိအထူးကုသရေးအဖွဲ့ဖြင့် ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တတိယမြောက်နေ့အဖြစ် Eye tour second day eye (OPD ) ၂၂၈ ဦးနှင့် အတွင်းတိမ် ခွဲစိတ်မှု (၃၀)ဦးနှင့် အခြားခွဲစိတ်မှု (၂)ဦးတို့အား အောင်မြင်စွာ စစ်ဆေး၊ ခွဲစိတ်၊ ကုသပေးခဲ့ကြောင်း ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။

အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ ဆေးကုသနေသည့် ဆရာဝန်ကြီးများနှင့် ဆေးလာရောက်ကုသသည့် လူနာများအား ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်း၊ ညောင်ဦးခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်နှင့် အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအသင်းများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး မျက်စိအထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအား မတ် ၂၈ ရက်မှ ဧပြီ ၅ ရက်နေ့အထိ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၁-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post MNDAA တပ်ဖွဲ့ဝင်များ ဗုဒ္ဓဘာသာကို ‌စော်ကားသည့် ဓာတ်ပုံများ ထပ်မံပျံ့နှံ့