(၃၁-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃၁-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ NSPNC နှင့် ပုံမှန်တွေ့ဆုံနိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ ၏ အလုပ်အဖွဲ ဖွဲမည်
၂။ စာမေးပွဲ ဖြေဆိုခွင့်မရခဲ့သည့် တက္ကသိုလ်ဝင်ကျောင်းသားများအတွက် စာမေးပွဲကို ဧပြီ (၂၉) ရက်တွင်ကျင်းပမည်
၃။ ရွှေဈေးကွက်အတွင်း လေပတ်ကားရောင်းဝယ်ဆောင်ရွက်နေသည်ဟု သံသယရှိသူများကို သက်ဆိုင်ရာမှခေါ်ယူစစ်ဆေးနေဟုဆို
၄။ ဓာတ်အားစနစ်ချိုယွင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်နေ
၅။ အလုံဘိုးတော်ကြီး နတ်ပွဲ စတင်ကျင်းပနေပြီဖြစ်ပြီး ပွဲကျင်းပရာ နန်းကြီးပေါ်သို ဘိုးတော်ကြီးပုံတော် ပင့်ဆောင်
၆။ တရားမဝင် ဝင်လာသည့် နိုင်ငံခြားသား ၅၀၀၀၀ ကျော်ကိုပြည်နှင်ရာ တရုတ်အများစုပါဝင်
၇။ ဆီဆိုင်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဟု နစက ထုတ်ပြန်
၈။ မတ်လ ၃၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၈၃၄,၈၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၁၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၄၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ လာအို-တရုတ် မီးရထားလမ်းတလျှောက် ကေဘယ်လ်ကြိုးနဲ့ သံဘောင်မူလီတွေဖြုတ်ခိုးခံရမှု မြင့်တက်နေ
၂။ အစ္စရေးသူလျှိဟု သံသယရှိသူ အမျိုးသားကို လက်နက်တွေနဲ့အတူ မလေးရှားရဲ ဖမ်းဆီးရမိ
၃။ အမေရိကန်၏ အကူအညီများ မရရှိပါက စစ်မြေပြင်တွင် ဆုတ်ခွါရလိမ့်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတပြော
၄။ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲအသစ်ကို အစ္စရေးဝန်ကြီးချုပ် အတည်ပြု
၅။ AI နည်းပညာ၏ အန္တရာယ်များနှင့်ပတ်သက်ပြီး ဘီလ်ဂိတ်ကို အိန္ဒိယဝန်ကြီးချုပ် သတိပေး
၆။ ရုရှားအနေနဲ့ နေတိုးအဖွဲဝင်နိုင်ငံတွေကို တိုက်ခိုက်မှာမဟုတ်ပေမဲ့ F-16 တွေရောက်လာရင် ပစ်ချမှာဖြစ် ကြောင်း ပူတင်ပြော
အားကစားသတင်းများ
၁။ မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဂွါဒီယိုလာကို ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် ချီးကျူးလိုက်တဲ့ အာတီတာ
၂။ လီဗာပူးကို ဘာကြောင့်ငြင်းပယ်ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ အလွန်ဆို
၃။ အာဆင်နယ်နဲ့ အင်္ဂလန်တို့အတွက် မျိုးဆက်သစ်သူရဲကောင်းဖြစ်လာဖို့ ရည်မှန်းထားတဲ့ ဆာကာ
၄။ အာဆင်နယ်နဲ့ပွဲစဉ်ဟာ အလွန်အရေးကြီးကြောင်း မန်စီးတီးအသင်းဖော်တွေကို သတိပေးလိုက်တဲ့ ရိုဒရီ
၅။ အလှပဆုံး Comeback ဖြင့် အိမ်ကွင်းနိုင်ပွဲဖော်ဆောင်ခဲ့တဲ့ နယူးကာဆယ်
အနုပညာသတင်းများ
၁။ ဝါသနာရှင် ညီကိုမောင်နှမတွေကို လက်တွဲခေါ်ဖို စတူဒီယိုလေးတစ်ခုဖွင့်တော့မယ့် အောင်ကိုကို
၂။ ထိုင်းနိုင်ငံက Culture Integration ဆုရရှိထားလို ရှေ့ဆက်ဖိုခွန်အားတွေလည်း အများကြီးရစေပါတယ်ဆိုတဲ့ The Sai
၃။ ကိုကြီး Type ဖြစ်သွားပြီးဆိုတော့လည်း ကိုအောင်ရဲလင်းကို ထပ်ကြိုက်ရပြန်ပါတယ်ဆိုတဲ့ စောလပြည့်ဝန်း