စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက် သောင်းကျန်း သူ များအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်

စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများ၌ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက် သောင်းကျန်းသူများအား အလိုမရှိဟုမတ်လ (၂၁)ရက်နေ့ နေ့လယ်က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ ပြည်သူများအား စစ်ရေးပစ်မှတ်ထားနေကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်နှင့် သန်တော်လီရပ်ကွက်များမှ ဒေသတည်ငြိမ် အေးချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုးများသည် သတ်မှတ်နေရာများ၌ စုဝေးပြီး ၎င်းစုရပ်နေရာမှ သတ်မှတ်လမ်းကြောင်းများအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ချီတက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၂-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post Miss Universe Yangon 2024 အလှမယ် ၁၇ယောက် မီဒီယာ မိတ်ဆက်ပွဲကျင်းပ