မွေးနေ့မှာ သားဦးလေးမွေးခဲ့တဲ့ သရုပ်ဆောင် ခေးဆက်သွင်

သရုပ်ဆောင် ခေးဆက်သွင်ဟာ သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ မတ်လ ၂၁ ရက်နေ့မှာတော့ သူ့ရဲ့သားဦးလေးကို မေဖွားခဲ့ပါတယ်။ လက်ရှိမှာတော့ မွေးနေ့ရှင် မေမေ ခေးဆက်သွင်ရော သားလေးပါ ကျန်းမာတယ်လို့ သိရပါတယ်။

သားဦးလေးမွေးဖွားခဲ့တာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ခေးဆက်သွင်က ” ဒီနေ့ ခေးရဲ့မွေးနေ့ မွေးရက် မွေးလ အတူတူ သားသားလေးကို မွေးခဲ့ပါတယ်။ သားသားရော မေမေရော အတွက် မွေးနေ့ surprise လုပ်ပေး လက်ဆောင်တွေပေး ပန်းစည်းနဲ့ ကိတ်မုန့်တွေ ပို့ပေး မွေးနေ့ဆုတောင်းတွေ မေတ္တာအပြည့်နဲ့ရေးပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ မေတ္တာတွေ အများကြီးရရှိတဲ့အတွက် ဝမ်းသာရပါတယ်။ ဆေးရုံမှာမို့ replyတွေ အများကြီး မပြန်နိုင်တာ ခွင့်လွှတ်ပါနော်။ ချစ်တယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို အောင်မြင်အောင် အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက် သွားကြရမည်ဟု နစက ဉက္ကဋ္ဌ ပြောကြား
Next post (၂၂-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ