မိုင်းကိုင်မြို့နယ်၌ (၂၈)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် သံဃာပေါင်း (၇၉၁)ပါး ကြွရောက်ဆွမ်းခံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၂၈)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် ဘုန်းတော်ကြီးကျောင်းပေါင်း(၄၇)ကျောင်းမှ ရဟန်း(၁၀၅)ပါး၊ ရှင်သာမဏေ(၆၈၆)ပါး၊ စုစုပေါင်း(၇၉၁)ပါးတို့က ကြွ ရောက်ဆွမ်းခံခဲ့ကြပြီး စေတနာရှင်အလှူရှင်များထံမှ ဆွမ်းဆန်စိမ်းတင်းပေါင်း(၁၀၂၀)တင်းနှင့် အလှူငွေ၊ လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ (၁၉)ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က သမိုင်းဝင်ရွှေမြင်ထင်မွေတော် စေတီတော်ကြီး၏ ဘုရားဝတ္တကမြေ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဘုရားဆင်းတုတော်တစ်ဆူနှင့် ဆရာတော်သံဃာတော်များက ရွှေမြင်ထင်မွေတော် စေတီတော် အနောက်ဘက်စောင်းတန်းမှ စတင်၍ စေတီတော်ကြီးကိုဝန်းရံကာ ဘုရားဝတ္တကမြေအတွင်း စည်တန်း လှည့်လည် ဆွမ်းခံကြွခဲ့ကြရာအမှတ်(၂) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇင်အောင်၊ နည်မြေခံတပ်မှ အရာရှိစစ်သည် မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုမှ ဒေသခံပြည်သူများက ဆွမ်းဆန်၊ အလှူငွေ၊ ဒေသထွက်သီးနှံများ၊ အချိုရည်၊ သောက်ရေသန့်နှင့် ဆေးဝါးပစ္စည်းမျိုးစုံ၊ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် စေတနာထက်သန်စွာ လောင်းလှူခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို (၁၅) ရက် ကြာကျင်းပမည်
Next post မာလီနိုင်ငံသား တိုက်စစ်မှူး အီမန်နူရယ်ဆန်နိုဂို ကို ၁ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ