Myanmar Star သီချင်းဆိုပြိုင်ကနေ suprise သိန်း ၁၀၀ ချီးမြှင့်ခံရသော ကိုအောင်ကိုကို

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ မျက်မမြင်အဆိုတော်တစ်ယောက်အဖြစ် ရန်ကုန်မြို့လယ်ခေါင်လမ်းမထက်မှာ သီချင်းဆို ဖျော်ဖြေရင်း ဖေ့ဘုတ်အွန်လိုင်းမီဒီယာကနေ လူသိများလာခဲ့သော မျက်မမြင်အဆိုတော် ကိုအောင်ကိုကို ဟာ အခုဆိုရင် လူသိများလာပြီး သူကိုချစ်ခင်သော ဝါရင့်အဆိုတော်များ၏ ဝိုင်းဝန်းကူညီမှုနှင့်အတူ အနုပညာလမ်းကြောင်းပေါ်မှာ စတင် လျှောက်လှမ်းဖို့ အခွင့်အလမ်းတွေရနေပြီ ဖြစ်ပါတယ်။ ဒါကလည်း ကိုအောင်ကိုကိုရဲ့ အဆိုတော် ထူးအိမ်သင်ရဲ့ အသံလားဟု မှားရလောက်အောင် ထူးခြားတဲ့အသံပါရမီကြောင့်လည်း အားတတ်သရော ကူညီဝန်းရံပေးကြတာဖြစ်ကြောင်း သူရဲ့ပရိသတ် တွေက ပြောဆိုနေကြပါသည်။

ကိုအောင်ကိုကိုရဲ့ ထူးခြားသောအသံပါရမီကြောင့် အခုကျင်းပလျက်ရှိသော Myanmar Star သီချင်းဆိုပြိုင်ပွဲကြီးကတောင် ဖိတ်ခေါ်ခြင်းခံခဲ့ရပြီး သီဆိုဖျော်ဖြေခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ထို့ပြင် Myanmar Star သီချင်းဆိုပြိုင်ပွဲကြီးကနေ ငွေကျပ် သိန်း(၁၀၀) suprise လက်ဆောင် ရရှိခဲ့တဲ့အပြင် သူဖျော်ဖြေနေကြဖြစ်သော ‘တုနှိုင်းမဲ့ရတနာ’သီချင်းကို မူရင်း တေးရေး မြင့်မိုးအောင် ဆီကလည်း သီချင်းလက်ဆောင်ရခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇၁)ကြိမ်မြောက် Miss World 2023 ပြိုင်ပွဲဝင်ရန် MWM 2023 အလှမယ် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ
Next post ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွက် ဒေသတွင်းနိုင်ငံများမှ စစ်သင်္ဘောများ အိန္ဒိယ ဆိပ်ကမ်းမြို့သို့ ရောက်ရှိ