ချစ်သူများနေ့မှာ အမှတ်တရဖြစ်သွားအောင် လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ သရုပ်ဆောင်နေရဲ

ဟာသသရုပ်ဆောင် ဦးခင်လှိုင် ရဲ့သားဖြစ်သူ သရုပ်ဆောင် နေရဲ နှင့် မချောစုရတနာခင် တို့ရဲ့ မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ဒဂုံမြို့နယ်ရှိ မင်းကွန်းတိုက်၊ မင်းကွန်းတိပိဋိက ကျောင်း ရွှေရတုခန်းမမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတိုးသား သရုပ်ဆောင် နေရဲ နှင့် သတိုးသမီး ချောစုရတနာခင်တို့သည် ချစ်သူရည်းစားဘဝ (၁၄)နှစ်ကြာမှာ ပရိသတ်ကို ချပြပြီး ရွှေလက်တွဲခဲ့တာလည်း ဖြစ်ပါတယ်။ နေရဲနှင့်ချောတို့ရဲ့ ထိမ်းမြားမင်္ဓလာလက်ထပ်ပွဲ အခမ်းအနားကို အနုပညာ အသိုင်းအဝိုင်းက အနုပညာရှင်များစွာ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်သူ့စစ်မှုထမ်းခြင်းအားရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာဖြစ်အောင်လုပ်ဆောင်မယ်လို့ နစက ဉက္ကဋ္ဌ ပြောကြား
Next post ရဟန်းဝတ် ကုသိုလ်ယူခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလ