‘တစ်ခါတုန်းကတက္ကသိုလ်မှာ’ မဖြူ ဆိုတဲ့ ကာရိုက်တာလေး ကို ချစ်ပေးကြပါအုံးဆိုတဲ့ ဟန်နလာ

ချစ်ရပါသောနွေ ၊ ဂျီဟောသူ ဆိုသော တက္ကသိုလ်ပုံရိပ်များကို ရိုက်ကူးတင်ဆက်ထားသော ဇာတ်လမ်းတွဲများတွင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိ‌ထားသော Forever အဖွဲ့သားတစ်ဦးဖြစ်သော သရုပ်ဆောင် ဟန်နလာ သည် ယခု အခါလည်း တက္ကသိုလ်ကျောင်းသူဘဝ မဖြူဆိုတဲ့ ကာရိုက်တာ တစ်ခါတုန်းကတက္ကသိုလ်မှာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“ပထမဦးဆုံး ချစ်ရပါသောနွေမှာ ဘူမိမူယာဆိုတဲ့ ကာရိုက်တာလေးကိုတော့ သိတဲ့သူလည်းရှိသလို မသိတဲ့လူလည်းရှိခဲ့တယ်။ နောက် ဂျီဟောသူမှာလည်း ၁၉၈၀ ကျော်က RIT ကျောင်းသူအဖြစ်သရုပ်ဆောင်ထားတာ ဖြစ်ပြီး အခုလည်း တခါတုန်းက တက္ကသိုလ်မှာ ၁၉၈၅ က တက္ကသိုလ်ကျောင်းသူလေးဆိုတော့ တက္ကသိုလ်ကျောင်းသူက ဟန်နာ့အတွက် အကျိုးပေးတယ်လို့ ပြောလို့ရတယ်။ ဂျီဟောသူထဲမှာပါတဲ့ အဝါဆိုတဲ့ ဇာတ်ကောင်ကတော့ အတော်များများလက်ခံကြတယ်။ အခုလည်း အဝါလိုပဲ မဖြူဆိုတဲ့ ကာရိုက်တာလေးကိုချစ်ပေးကြပါအုံး”လို့ သရုပ်ဆောင် ဟန်နလာက ဆိုပါတယ်။

တစ်ခါတုန်းကတက္ကသိုလ် မြန်မာရုပ်သံဇာတ်လမ်းတွဲအသစ်ကို ဖေဖော်ဝါရီလ ၊ (၇) ရက်မှစတင်ပြီး အပတ်စဉ် တနင်္လာ မှ သောကြာနေ့အထိ ည( ၈:၄၅)အချိန်တွင် MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Duet(စုံတွဲ) သီချင်းနဲ့ Top 12 final finalist second round ထပ်မံ ယှဉ်ပြိုင်မည့် Myanmar Star
Next post ပြည်သူ့စစ်မှုထမ်းခြင်းအားရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာဖြစ်အောင်လုပ်ဆောင်မယ်လို့ နစက ဉက္ကဋ္ဌ ပြောကြား