ရွှေနန်းထက်စိန်ရွှေရတနာဆိုင် ဖွင့်ပွဲ ငွေကျပ်သိန်း ၅၀၀ဖိုး ဗလာမပါကံစမ်းမဲများဖြင့် ကျင်းပ

မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ Capital Shopping mall အရှေ့ မှာ ရွှေနန်းထက် စိန်ရွှေရတနာအရောင်းဆိုင်ဖွင့်ပွဲကြီးကို ဗလာမပါ ကံစမ်းမဲများနဲ့ အတူ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲကြီးမှာ သိန်း ၅၀၀ ဖိုးကို တစ်ရက်ထဲ ဗလာမပါ ခုပေါက်ခုယူ မဲဖောက်ပေးတာဖြစ်ပြီး ပြည်သူချစ်နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် ညီအစ်မသုံးဦးနှင့်အတူ အကယ်ဒမီ မေသဥ္ဇာဦး အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မြင့်မြတ်၊သွန်းဆက်၊ ယုသန္တာတင်စတဲ့ အနုပညာရှင်ပေါင်းများစွာနဲ့ ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဆိုင်သစ်ဖွင့်ပွဲကြီးကိုတော့ အခုဝယ်အခုပေါက် ဗလာမပါကံစမ်းမဲ ရွှေတစ်ကျပ်သား၊ ၃မတ်သား၊ ၅မူးသား၊ ၁မတ်သား ငွေဆယ်သိန်း၊ ၅သိန်း၊၃သိန်း၊၁သိန်း အခြား ဆုမဲပေါင်း (၃၀၀)ကျော်၊ ငွေကျပ်သိန်း(၅၀၀)ကျော်နဲ့ မဲဖောက်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေဟု နစက သတင်း ထုတ်ပြန်
Next post ဒဂုံမြိုသစ် (မြောက်ပိုင်း)မြိုနယ်တွင် ရှော့တိုက်ဒုံးများ ဖမ်းဆီးရမိ