သိန်း (၁၀၀)ကျပ်တန်ဖိုးရှိ ကံစမ်းမဲနှင့် အတူ ပြင်ဦးလွင် ကို စိန်နန်းတော်နှင့် ရောက်ရှိလာသော မိုးသူရ နှင့် ယမုံ

စိန်ရွှေရတနာဝယ်မယ်ဆိုရင် တော့ မြန်မာ့ရတနလောကတွင် ဆိုင်ခွဲကြီး (၁၃)ဆိုင်ဖြင့် နှစ်ပေါင်း(၂၉) ကျော်တိုင် အာမခံချက်ရှိတဲ့ စိန်ဆိုင် Brand ကြီး စိန်နန်းတော် အထူးစျေးရောင်းပွဲကို ဖေဖော်ဝါရီလ (၉) ရက်နေ့ မှ (၁၃) ရက် နေ့ အထိ (၅) ရက်တိုင်တိုင် ပြင်ဦးလွင်မြို့၊ Ruby Mart မှာ နိုင်ငံကျော် အနုပညာရှင်များစွာ တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက် ရှိပါတယ်။

ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာတော့ သရုပ်ဆောင် မိုးသူရ၊ ယမုံမြင့်မြတ် တို့က တက်ရောက်ခဲ့ပြီး ပရိသတ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

(၅)သိန်းကျပ်ဖိုးအထက် ဝယ်ယူသူများကို ချက်ချင်းပေါက် ချက်ချင်းယူ ဗလာမပါ ကံစမ်းမဲ – သိန်း (၁၀၀)ကျပ်တန်ဖိုးရှိ မော်တော်ဆိုင်ကယ်, ရွှေဆွဲကြိုး, ရွှေခေါင်းစည်းကွင်း၊ ရွှေလက်စွပ်၊ ရွှေကလစ် နှင့် ငွေသားဆုမဲများကို မဲဖောက် ပေးသွား ပါမည်ဖြစ်ပြီး 💎စိန်ထည်ဝယ်ယူသူများကို မြန်မာ့ပွဲတက်ချိတ် နှင့် စိန်နန်းတော် VIP member card ထပ်မံလက်ဆောင် နှင့်💎စိန်ထည် နှင် ကျောက်ထည် – 20% OFFအထူးလျှော့ဈေး ပထမဆုံးဝယ်ယူသော customer အယောက် (၅၀)ကို 25% OFF ဖြင့်ရောင်းချပေးပါမည် ဖြစ်ကြောင်းသိရပါသည်။

Grand Prize အနေဖြင့် ငွေသား သိန်း (၅၀၀)ကျပ်ဆုကြီးကံထူးခွင့် ( ၅ သိန်းကျပ် ကို ကားကံစမ်းမဲကူပွန် ၁ စောင်) လည်း ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၄ ခုနှစ် ဖေ (၁၁) ရက်နေ့ – Sunday – နေ့လည် (၁၂)နာရီ မှ (၃)နာရီ – ရှင်မွေလ၊ စိန်ဖြိုး၊ ခြူးလေး နှင့် ရီရီပွင့်ဖြူ- MC ထူးပြည့်အောင် တို့က ပရိသတ်တွေနှင့်အတူ ဖျော်ဖြေတင်ဆက်ပေးသွားမည် လို့လည်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်သူ့စစ်မှုထမ်းဉပဒေအား ယနေ့မှစတင်၍ အတည်ပြု သတ်မှတ်
Next post လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ လိုအပ်လာ၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်‌ ဇော်မင်းထွန်း ပြောကြား