ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွား

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးတွင် ယနေ့ နံနက် ၁၂ နာရီ ၀၆ အချိန်က ယာဉ် ၅ စီးဆင့်တိုက်မှုဖြစ်ပွားရာမှ လူ ၂ ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ် တပ်ဖွဲ့မှ သိရသည်။ ယာဉ် ၅ စီးဆင့် တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သစ်ဆန်း ခရီးသည်ယာဉ်နှင့် ခိုင်မန္တလေး ခရီးသည်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပဲ၊ Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါ ကျား (၃)ဦး၊ မ (၃)ဦး၊ စုစုပေါင်း(၆)ဦး အနက် ကျား(၁)ဦး သေဆုံးပြီး၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုနောက် Super Custom(အဖြူရောင်)ယာဉ်ပေါ်ရှိ ကျား(၁)ဦး၊ မ(၂)ဦး စုစုပေါင်း (၃)ဦး အနက်၊ ကျား(၁)ဦး သေဆုံး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရပြီး၊ Toyota Caldina (လိမ္မော်ရောင်)ယာဉ် ပေါ်ရှိ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြ ၍ ဆွာလူမှုကူညီရေးအသင်းနှင့် မြို့သစ်လူမှုကူညီရေးအသင်းမှ သူနာတင် ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့‌ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဥပ္ပါတသန္တိ စေတီတော်အနီး တပေါင်းကွင်းတွင် (၅)ရက် ကြာ ကျင်းပမည်
Next post ရူပီး ၊ ကျပ် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းများ စတင် နိုင်ပြီဖြစ်