ပုံအောချစ်တတ်တဲ့ သနားစရာ character နဲ့ သရုပ်ဆောင် ထားတယ်ဆိုတဲ့ ရတနာဗို

သူချစ်ခင် ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် ရတနာဗိုကတော့ “ကုထုံးမဲ့ ချစ်ခြင်း ”ဇာတ်လမ်းတွဲမှာ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ပုံအောချစ်တတ်တဲ့ သနားစရာ သက်ထားစံနေရာက သရုပ် ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ကိုယ်က ရင်ဘတ်ကြီးတစ်ခုလုံး ပုံအောချစ်တတ်တဲ့ မိန်းကလေး သက်ထားစံနေရာက သရုပ်ဆောင် ထားပါတယ်။ သူကလည်း ကိုယ့်ကိုချစ်သလို နာကျင်မှုတွေနဲ့ စကားလုံးကြမ်းတွေ လုပ်သမျှ နှိပ်စက်သမျှလည်း ကိုယ်က ခံတယ်။ သူ့ရဲ့အချစ်နွံက ရုန်းမထွက်နိုင်တဲ့ သနားစရာကောင်းတဲ့သူပေါ့။ ဒီဇာတ်လမ်းလေးမှာ ရသစုံ ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ပရိသတ်တွေ ရင်ထဲထိမယ့် ဇာတ်လေးတွေပါပါတယ်”လို့ သရုပ်ဆောင် ရတနာဗိုက ပြောပါတယ်။

အဆိုပါ အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းပုံစံကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ဟေမာန်ဟိဏ်းနဲ့ ရည်မွန်ထက် (Story Farn)က ရေးသားပြီးတော့ ဒါရိုက်တာ သားကြီးက သရုပ်ဆောင်အနေနဲ့ အောင်မင်းခန့်၊ တေဇလင်းရောင် ၊ ရတနာဗို၊ မေမီကျော်ကျော်၊ စနိုးကြည်ဖြူ၊ ဖြူသဲဦး၊အကယ်ဒမီ ဇော်ဦး စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နမီးဘီးယားသမ္မတ ဟိတ်ချ် ဂျီ ဂန်ဂေါ့ဘ် ကင်ဆာရောဂါဖြင့် ကွယ်လွန်
Next post ညောင်ဦး၌ အမျိုးသားတစ်ဦး အိမ်သာကျင်းတူးရာမှ အောက်စီဂျင်ပြတ်၍ သေဆုံး