တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရကိုကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်နေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ဖေဖော်ဝါရီလ ၃ ရက်

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရကိုကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံ၏အချုပ်အခြာ အာဏာကို ကာကွယ်နေခြင်းဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကာကွယ်ရေးစွမ်းပကား ကောင်းမွန်စေရန်အတွက် လိုအပ်ချက် များကို ငွေကြေးများအသုံးပြု၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အတွင်လည်း နိုင်ငံတော် ကာ ကွယ်ရေးအတွက် တပ်မတော်သားများက တာဝန်ထမ်းဆောင်လျက်ရှိပြီး တွဲဘက်အင်အားအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ထမ်းဆောင်လျက်ရှိပြီး အားလုံးက စွန့်စွန့်စားစားဖြင့် အသက်သွေးချွေးများပေးဆပ်၍ တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အနေဖြင့် ၎င်းတို့ကိုတတ်နိုင်သမျှ အသိ အမှတ်ပြု ချီးမြှင့်အားပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရတစ်ခုတည်းကသာမက အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် အစိုးရကိုကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံ၏အချုပ်အခြာ အာဏာကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များတာဝန်ထမ်းဆောင်နေခြင်းသည် တစ်နိုင်ငံလုံးတရား ဥပဒေစိုးမိုးရေးအတွက်ဖြစ်ကြောင်း ပြောပါတယ်။

ကာကွယ်ရေးနှင့်ပတ်သက်၍ စွမ်းရည်ရှိသည့် ကာကွယ်ရေး၊ စွမ်းအားရှိသည့် ကာကွယ်ရေးဟု နှစ်ခုရှိကြောင်း၊ စွမ်းရည်ရှိရန်အတွက် တစ်ဦးချင်း၏လေ့ကျင့်မှုများကို အမြဲမပြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ စွမ်းအားရှိရန် အတွက် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ယန္တရားများ၊ စက်ကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများ အားလုံး စွမ်းအားရှိသည့် ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ခေတ်စနစ်နှင့် ကိုက်ညီသည့် ပစ္စည်းများကို အသုံးပြုနိုင် ရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် ကာကွယ်ရေးစွမ်းအားရှိသည့် ကာကွယ်ရေးဖြစ်စေရန်အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုအဆင့်မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် ရဲ တပ်ဖွဲ့ဝင်များ၏ အင်အားမှာ နိုင်ငံနှင့်ကိုက်ညီသည့် အင်အားရှိနေရန်လိုပြီး အရည်အချင်းပြည့်ဝသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ပြည်သူများက ယုံကြည်အား ကိုးသည့်ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လည်းလိုပြီး ပြည်သူများနှင့် တစ်သားတည်းဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန် လိုကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေကိုနားလည်ပြီး အသိတရားဖြင့် ဥပဒေကိုလိုက်နာရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အစိုးရအဖွဲ့အသစ်အနေဖြင့် စိတ်ဓာတ်အသစ်၊ ခွန်အား အသစ်များဖြင့် တာဝန်ထမ်းဆောင်ကြစေရန် နစက ဉက္ကဋ္ဌ ပြောကြား
Next post ကယန်းလက်ဝှေ့မယ် မွေထိုင်း ချန်ပီယံ ဘရော်နီကာနဲ့ ထိုင်း မွေထိုင်းဖိုက်တာတို့ လာမည့် တနင်္ဂနွေနေ့ ထိုးသတ်မယ်