လပ်ကီးဒိုင်းမွန်းမြန်မာရဲ့ မြိတ်မြို့ စိန်ထည် ကျောက်ထည် အထူးအရောင်းပွဲတော်ကြီးကို တက်ရောက်ခဲ့သော မာရီကိုးလ်

လပ်ကီးဒိုင်းမွန်းမြန်မာရဲ့ မြိတ်မြို့ စိန်ထည်ကျောက်ထည်အထူးအရောင်းပွဲတော်ကြီးကို ဇန်နဝါရီလ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ ကမ်းနားလမ်းမှာ ရှိတဲ့ Myeik Shopping Center ကြီးရဲ့ Promotion Area မှာ မနက် (၉) နာရီမှ ညနေ (၆) နာရီအထိ (၅) ရက်တိတိ နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြတဲ့ မင်းသား ညီနန္ဒ၊ မင်းသမီး ဆုပန်ထွာ ၊ ဆုထက်လှိုင် @ မမဦးတို့နဲ့အတူ နိုင်ငံကျော်အဆိုတော်များဖြစ်ကြတဲ့ Anoni Mus နဲ့ တေးသံရှင် နာဂတိုင်းရင်းသူလေး မာရီကိုးလ် တို့ရဲ့ သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရောင်းချခဲ့တာ ဖြစ်ပါတယ်။

မြိတ်မြို့စိန်ထည်ကျောက်ထည်အထူးအရောင်းပွဲတော်ကြီးရဲ့ (၅) ရက်မြောက်နေ့ မှာတော့ တေးသံရှင် နာဂတိုင်းရင်းသူလေး မာရီကိုးလ် က စိန်ချစ်သူတွေကို ဖျော်ဖြေဖို့ Myeik Shopping Center ကြီးရဲ့ Promotion Area မှာပွဲတက်‌ရောက်ခဲ့တာ ဖြစ်ပါတယ်။

စိန်လက်ကားဒိုင်ကြီးရဲ့ အထူးဈေးတွေနဲ့ ခေတ်မီဆန်းသစ်ပြီး လှပသေသပ်တဲ့ နောက်ဆုံးပေါ် စိန်ထည်ကျောက်ထည် ဒီဇိုင်းတွေကို ဝယ်ယူအားပေးနိုင်မယ့်အပြင် ဗလာမပါ ချက်ချင်းဝယ်၊ ချက်ချင်းပေါက်၊ ချက်ချင်းယူ သိန်းပေါင်း ၂၅၀၀ ငွေသားကံစမ်းမဲများအပြင် ဆိုင်ကယ် (၁၀) စီး၊ တန်ဖိုးကြီး အိမ်သုံးလျှပ်စစ်ပစ္စည်းလက်ဆောင်များစွာ ကံထူးခွင့်များကိုလည်း ထည့်သွင်းပေးထားကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်ဆေးရုံကြီး၌ ပဉ္စမအကြိမ်အသည်းအစားထိုး ကုသမှု ဒုတိယနေ့ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့
Next post ဓနုဖြူ-ရန်ကုန်ကားလမ်း ယာဉ်(၂)စီးတိုက်မိပြီး (၁)ဦး သေဆုံး၊ (၁)ဦး ထိခိုက် ဒဏ်ရာရရှိ