
ပင်လောင်းမြို့နယ်တွင် ယာယီနေစွန့်ခွာ ပြည်သူ (၃၃၀)ဦး တို့အား ထောက်ပံ့ငွေများ ပေးအပ်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူ အသက် ၇၀ နှစ်အထက် ဘိုးဘွားများ၊ အသက် ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို မနေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများမှ အသက် ၇၀ နှစ်အထက် ဘိုးဘွား (၁၃၇)ဦး၊ အသက်ငါးနှစ်အောက် ကလေးငယ်(၁၆၉)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁၄)ဦးနှင့် မသန်စွမ်း(၁၀)ဦး၊ စုစုပေါင်း (၃၃၀)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၉,၉၀၀,၀၀၀)သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
More Stories
နိုင်ငံသားတိုင်း နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ်ပါဝင်ကြရန် နစက ဥက္ကဋ္ဌ တိုက်တွန်း
နစက ဥက္ကဋ္ဌမှ ယနေ့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည့် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအားတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် မျိုးဆက်သစ်လူငယ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ ” ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူတွေပီပီ...
ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံ့အတွက် အကောင်းဆုံးဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံအရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကောင်းဆုံးပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများလိုလားသည့်...
အိန္ဒိယနိုင်ငံထဲ ခိုးဝင်တဲ့ NUG လက်အောက်ခံ တမူးပကဖ ၁၀ ဦးကို အာသံရိုင်ဖယ်တပ်ရင်းက ပစ်သတ်
ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က အိန္ဒိယ-မြန်မာနိုင်ငံနယ်စပ်မှာ ခိုးဝင်လာတဲ့ လက်နက်ကိုင် ၁၀ ဦးရဲ့ အလောင်းကို ပြန်လာယူဖိုအတွက် တမူးမြိုနယ်ထဲကို အကြောင်းကြားခဲ့တယ်လို သိရပါတယ်။ သေဆုံးသူ ၁၀ ဦးဟာ NUG လက်အောက်ခံ တမူးပကဖတွေဖြစ်ပြီး...
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယနေ့ (မေလ ၁၈ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ကျင်းပသော ဗဟိုဌာနချုပ်ရုံးဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းပါတယ်။ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့် လက်ရှိတွင် ရုံးခန်းပေါင်း...
မင်းလှမြို့နယ်နှင့် နေပြည်တော် ပျဉ်းမနားတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အားဖမ်းမိ
ပဲခူးတိုင်း မင်းလှမြို့နယ်နဲ့ နေပြည်တော်ပျဥ်းမနားမြို့နယ်မှာ ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်းနဲ့ စိတ်ပြောင်းဆေးဝါး Happy Water များနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိသည်ဟု...
မေလ ၂၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံမည်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှစတင်၍ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။ မိဘများအနေဖြင့် ကျောင်းအပ်နှံရာတွင် ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့...