စိန်ဧကရီ ရဲ့ ပဲခူးမြို ဈေးရောင်းပွဲတော်ကြီး ကျင်းပ

သဘာဝအလှအပတို့ပေါကြွယ်ဝသော ပဲခူးမြို့မှာ ကျင်းပတဲ့ နိုင်ငံကျော်စိန်ဧကရီအာမခံ စိန်ရွှေရတနာလက်ကား စိန်တိုက် ကြီး၏ စိန်ထည်၊ကျောက်ထည်နှစ်သစ်ကူးအထူးစျေးရောင်းပွဲကြီးကို ဇန်နဝါရီလ 19ရက်နေ့မှ ဇန်နဝါရီလ 22ရက် နေ့ အထိ ပဲခူးမြို့ Icon Shopping Mall မှာ (၄)ရက်တိုင်တိုင် ကျင်းပနေလျက်ရှိပါတယ်။

4 ရက်အတွင်းကျပ်သိန်းပေါင်း 5000ကံထူးခွင့်ကြီးကို ရရှိနိုင်မယ့် အထူးအခွင့်အရေးနဲ့အတူ နှစ်ထပ်ကွမ်းအဖြစ် 4 ရက် အတွင်း ဝယ်ယူသူများထဲမှ ကျပ်သိန်းပေါင်း 500 ကံထူးခွင့်ကိုလည်းရရှိသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ယနေ့ ဇန်နဝါရီလ (၂၁ ) ရက်နေ့ တတိယမြောက်နေ့မှာတော့ စိန်ဧကရီ ပဲ့ကိုင်ရှင် ဒေါက်တာ သဲစုခိုင် @ မမငယ် နဲ့အတူ သရုပ်ဆောင် ဟိန်းဝေယံ ၊ အကယ်ဒမီ စိုးပြည့်သဇင် ၊ MC စိုးကြီး တို့က ရတနာမြတ်နိုးသူ Customers များနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ (၇)ထပ် ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြုဖွင့်လှစ်
Next post အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပနေပြီ