ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ချယ်ရီပန်းပွဲတော် ကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်း စံပြကျေးရွာတွင် ချယ်ရီပန်းပွဲတော် ဖွင့်ပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပွဲတော် ကျင်း ပရေးကော်မတီထံမှ သိရသည်။

အဆိုပါ ကျောက်တန်း ချယ်ရီပင်တန်း ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ကပင် ကျေးရွာ သန့်ရှင်းသာယာ လှပစေရန် စိုက်ပျိုးခဲ့ခြင်း ဖြစ်ကာ အထူးသဖြင့် ဒေသမျိုး ဖြစ်သော ချယ်ရီပန်းပင်များကို လမ်းတစ်လျှောက် စီတန်း စိုက်ပျိုးထားခြင်း ဖြစ်သည်။ ယခုလို ချယ်ရီပန်း ပွဲတော် ကျင်းပသည် မှာ လေးငါးနှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ချီးမြှင့်ပွဲ တက်ရောက် လာသော အနုပညာရှင်ထဲမှ လေးဦးကို Fashion Award ဆုပေးအပ်သွားမည်
Next post အမေရိကန်တွင် ယခုရာသီအတွင်း တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၁ဝဝဝ ခန့်ရှိ