အရမ်းတော်ပြီးထက်မြက်တဲ့ မိခင်တစ်ယောက်အဖြစ် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသည့် စိုးမိုးကြည်

သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်မှာ ပီပြင်စွာပုံဖော်နိုင်တဲ့ ဝါရင့်သရုပ်ဆောင် “စိုးမိုးကြည်” သည် M Entertainment Channel (Free To Air) မှ ပြသမည့် “အမှတ်တမဲ့မှ အမှတ်တရဆီသို့” မြန်မာရုပ်သံဇာတ်လမ်းတွဲမှာ တစ်ကျော့ပြန် ပါဝင် သရုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ အရမ်းတော်ပြီးထက်မြက်တဲ့ မိခင်တစ်ယောက်၊သားအပေါ်ချစ်တဲ့စိတ်နဲ့ အရာရာကို လွှမ်းမိုးချုပ် ကိုင်ချင်နေတဲ့ “ဒေါ်သဒ္ဒါ” အဖြစ်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“အမှတ်တမဲ့မှ အမှတ်တရဆီသို့” မြန်မာရုပ်သံဇာတ်လမ်းတွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် M Entertainment Channel (Free To Air) ရုပ်သံလိုင်းမှ စတင်၍ အပတ်စဥ် – စနေနေ့နှင့် တနင်္ဂနွေနေ့- ည (၇) နာရီ ပြသမည်ဖြစ်ပါတယ်။ M Entertainment Channel (Free To Air) ရုပ်သံလိုင်းကို DVB T-2 ဖမ်းယူနိုင်သော Antenna ဖြင့်ဖမ်းယူကြည့်ရှုနိုင်သလို၊ Digital Tuner ပါသော TV များတွင် အလွယ်တကူ အခမဲ့ ဖမ်းယူကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တောင်ကြီးမြို့ရှိ ရွှေတောင်ရိုး အဝေးပြေးကားဂိတ် မီးလောင်မှုဖြစ်ပွား
Next post နစက ဥက္ကဋ္ဌ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ အား​ပေးကြည့်ရှုကာ ဆုများပေးအပ်ချီးမြှင့်