food bank တွေကို လျှို့ဝှက်လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

ပရဟိတအလုပ်တွေကို စိတ်အားထက်သန်ပြီး အလှူအတန်းရက်ရောတဲ့ တေလာဆွစ်ဖ်ဟာ အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ food bank တွေကို လျှို့ဝှက်လှူဒါန်းမှုတွေ လုပ်ခဲ့ပါတယ်။

Eras Tour အမည်နဲ့ ကမ္ဘာတစ်ဝန်း ဖျော်ဖြေပွဲတွေလုပ်ဖို့ စီစဉ်ထားတဲ့ တေလာဆွစ်ဖ်ဟာ အမေရိကန် ဖျော်ဖြေပွဲတွေအတွင်း အခုလို လှူဒါန်းခဲ့တာပါ။ အရီဇိုးနားပြည်နယ် ဖျော်ဖြေပွဲမတိုင်ခင် Arizona Food Bank Network ကို လှူဒါန်းခဲ့သလို လက်စ်ဗီးဂတ် ဖျော်ဖြေပွဲမတိုင်ခင်မှာလည်း နီဗားဒါးပြည်နယ် တောင်ပိုင်းက Three Square food bank ကို ငွေကြေးအများအပြား လှူဒါန်းခဲ့ပါတယ်။

ဒန်ဗာမြို့မှာ ဘောလုံးကွင်းအပြည့် လက်မှတ်ကုန်အောင် အားပေးခဲ့ကြတဲ့ ဖျော်ဖြေပွဲ ၂ ပွဲ မတိုင်ခင်လည်း တေလာဆွစ်ဖ်က Food Bank of the Rockies ကို လှူဒါန်းခဲ့ပါသေးတယ်။ သူ့ရဲ့လှူဒါန်းမှုတွေအကြောင်း တေလာဆွစ်ဖ်က ထုတ်မပြောခဲ့ပေမဲ့ food bank တွေက ဒီအကြောင်း ထုတ်ဖော်ရေးသားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျိုကိုဗစ်ရဲ့ ဝင်ဘယ်လ်ဒန်ကြီးစိုးထားမှုကို အသက် ၂၀ အရွယ် စပိန်လူငယ်တင်းနစ်သမား အယ်လ်ကာရက်ဇ် အဆုံးသတ်
Next post မျက်မှောက်ခေတ်ဘောလုံးလောကရဲ့ တန်ကြေးအမြင့်ဆုံးလူစာရင်းပိုင်ဆိုင်ထားသည့် ကလပ်များ