ဂျိုကိုဗစ်ရဲ့ ဝင်ဘယ်လ်ဒန်ကြီးစိုးထားမှုကို အသက် ၂၀ အရွယ် စပိန်လူငယ်တင်းနစ်သမား အယ်လ်ကာရက်ဇ် အဆုံးသတ်

ဇူလိုင်လ ၁၈ ရက်

၂၀၂၃ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲစဥ်မှာ အသက် ၂၀ အရွယ် စပိန်သားအယ်လ်ကာရက်ဇ်က ဝါရင့်တင်းနစ်သမားဂျိုကိုဗစ်ကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ကမ္ဘာ့အဆင့် (၁) အယ်လ်ကာရက်ဇ်ဟာ ဂျိုကိုဗစ်နဲ့ ၅ ပွဲအပြည့် အကြိတ်အနယ်ကစားကာ (၃-၂) ပွဲနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဆားဘီးယားတင်းနစ်သမားဂျိုကိုဗစ်ဟာ ၂၀၁၈ ကနေ ၂၀၂၂ အထိ ဝင်ဘယ်လ်ဒန်ချန်ပီယံအဖြစ် နောက်ဆုံးလေးကြိမ်ဆက် ကြီးစိုးထားမှုက အဆုံးသတ်သွားခဲ့ပါတယ်။ အယ်လ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် ယူအက်စ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် သူ့အတွက် ဒုတိယမြောက် မေဂျာဆုဖလားဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယူ-၁၂ ကစားသမားရွေးချယ်မှု မန္တလေးတွင် ပြုလုပ်
Next post food bank တွေကို လျှို့ဝှက်လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်