ယူ-၁၂ ကစားသမားရွေးချယ်မှု မန္တလေးတွင် ပြုလုပ်

ဇူလိုင်လ ၁၈ ရက်

ယူ-၁၂ ကစားသမားရွေးချယ်မှု မန္တလေးတွင် ပြုလုပ်

ဂျပန်နိုင်ငံ၊ ချီဘားမြို့မှာ ဩဂုတ် ၂၄ ရက်ကနေ ၂၇ ရက်အထိကျင်းပမယ့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် ယူ-၁၂ ဘောလုံးကစားသမား ရွေးချယ်ပွဲ(အထက်မြန်မာပြည်ဇုန်)ကို ဇူလိုင် ၁၆ ရက်နဲ့ ၁၇ ရက်က မန္တလေးမြို့မှာရှိတဲ့ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)မှာ ပြုလုပ်ပါတယ်။

အထက်မြန်မာပြည်ဇုန် ရွေးချယ်ပွဲကိုတော့ ယူ-၁၂ ကစားသမား ၉၄ ယောက် လာရောက်အရွေးချယ်ခံတယ်လို့ လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်တွေကလည်း ရန်ကုန်မြို့မှာ ယူ-၁၂ ဘောလုံးကစားသမား ရွေးချယ်ပွဲ (အောက်မြန်မာပြည်ဇုန်) ပြုလုပ်ခဲ့ပြီး အယောက် ၁၅၀ လာရောက်အရွေးချယ်ခံခဲ့တယ်လို့ ဆိုပါတယ်။

အောက်မြန်မာပြည်ဇုန်နဲ့ အထက်မြန်မာပြည်ဇုန်တွေမှာ လာရောက်အရွေးချယ်ခံတဲ့ ကစားသမားတွေထဲက ပဏာမအရွေးခံရသူတွေရဲ့ စာရင်းကို မကြာခင်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ပဏာမ အရွေးခံရသူတွေထဲကနေ ၁၈ ယောက်ကို အပြီးသတ်ရွေးချယ်မှာလည်း ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ ဘာစီလိုနာလူငယ်အသင်း၊ ဂျူဗင်တပ်လူငယ်အသင်း၊ ဘိုင်ယန်မြူးနစ်လူငယ်အသင်း၊ ဂျပန်ဂျေလိဂ် လူငယ်အသင်းတွေ အပါအဝင် စုစုပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လူအ​ယောက်တစ်​ထောင် မှာ ၁၀ ​ယောက် မပြည့်ပါဘူး အဲ့တွက် ကြောင့် ကိုမ​နောကို အရမ်း ​ကျေးဇူးတင်မိပါသည်ဟုဆိုလာသူ အဆိုတော် ဘဝ
Next post ဂျိုကိုဗစ်ရဲ့ ဝင်ဘယ်လ်ဒန်ကြီးစိုးထားမှုကို အသက် ၂၀ အရွယ် စပိန်လူငယ်တင်းနစ်သမား အယ်လ်ကာရက်ဇ် အဆုံးသတ်