2023 ခုနှစ် အတွက် ဖီဖာတစ်နှစ်တာအမျိုးသားအကောင်းဆုံးကစားသမားဆုကို မက်ဆီ ရရှိ

ဇန်နဝါရီလ ၁၆ ရက်

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွက် ဖီဖာက ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို မန်စီးတီးတိုက်စစ်မှူးဟာလန်းကို ကျော်လွန်ပြီး ထပ်မံရရှိသွားပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၅ ရက် မနေ့ညက ကျင်းပခဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ မက်ဆီ တက်ရောက်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့ကိုယ်စား ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီက ဆုလက်ခံ ရယူခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကလည်း အကောင်းဆုံးကစားသမားဆုရရှိခဲ့သူ မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ထည့်သွင်း တွက်ချက်ပြီးပေးခဲ့တာမဟုတ်ပေမဲ့ ၂ နှစ်ဆက်တိုက် ဆုရရှိခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ အသင်းနဲ့အတူ ဆုဖလားသုံးလုံးရယူနိုင်ခဲ့တာဖြစ်ပေမဲ့ ဖီဖာဆုအတွက် မဲပေးရွေးချယ်မှုမှာ မက်ဆီကို အသာမရခဲ့တာပါ။

သွင်းဂိုးအရေအတွက်မှာ နှစ်ဦးစလုံးက ၄၈ မှတ်စီနဲ့ တူညီ နေခဲ့ပေမဲ့ မက်ဆီဟာ လက်ရွေးစင်အ သင်းခေါင်းဆောင် ၁၀၇ ဦးရဲ့ ပထမ နေရာကနေ မဲပေးမှုရရှိခဲ့ပြီး ဟာလန်းက ၆၄ ဦးပဲရရှိခဲ့တာပါ။

ဟာလန်းကို ပထမနေရာမှာ မဲပေးခဲ့တဲ့  အသင်းခေါင်းဆောင်တွေထဲမှာ မက်ဆီကိုယ်တိုင်လည်း ပါဝင်ပါတယ်။

ဖီဖာအကောင်းဆုံးအသင်း စာရင်းမှာတော့ မန်စီးတီးအသင်းက ၆ ဦးအထိပါဝင်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်း အသင်းတစ်သင်းထဲကနေ ပထမဆုံးအကြိမ် အများဆုံး ပါဝင်ခဲ့တာပါ။

အကောင်းဆုံး နည်းပြဆုကို ဂွါဒီယိုလာ၊ ဂိုးသမားဆုကို အီဒါဆန်၊ အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို  ဘာစီလိုနာက စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီတို့က အသီးသီး ရရှိခဲ့ပါတယ်။ 

Photo-Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငွေကျပ်သန်း(၃၀၀) နီးပါးကုန်ကျပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်ပေါင်း (၉ဝ)နီးပါးရှိနေ
Next post ၁၀ ရက်တာ မင်္ဂလာပွဲကျင်းပနေသော ဘရူနိုင်းမင်းသား